ရုရှား – မြန်မာ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းများ ပိုမိုတိုးမြှင့်နိုင်ရန် လေယာဉ်များ ချိတ်ဆက်ပျံသန်းနိုင်ရေးဆွေး နွေး

0
158

ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့ကြား ခရီးသွားလုပ်ငန်းများ ပိုမိုတိုးမြှင့်နိုင်ရန်အတွက် နှစ်နိုင်ငံလေကြောင်းခရီးစဉ် ချိတ်ဆက်ပျံသန်းရေးကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ (၂၇) ရက် စနေနေ့တွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံမော်စကိုမြို့တွင် ရုရှ-မြန်မာ ဒုတိယအကြိမ် စီးပွားရေးဖိုရမ်ကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဖိုရမ်အတွင်း နှစ်နိုင်ငံကြားခရီးသွားလုပ်ငန်းများ ပိုမိုတိုးမြှင့်နိုင်ရန်အတွက် လေယာဉ်များချိတ်ဆက်ပျံသန်း‌နိုင်ရေးကိစ္စရပ်များကိုလည်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဖိုရမ်ကျင်းပချိန်အတွင်း နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် အစိုးရနှစ်ရပ်ကြား စီးပွားရေးဆိုင်ရာကော်မရှင်အစည်းအဝေးကိုလည်း ကျင်းပခဲ့ကြောင်း သိရသည်။

ရုရှားနှင့်မြန်မာနိုင်ငံအကြား မော်စကိုမြို့၊ Krasnoyarsk မြို့နှင့် Yekaterinburg မြို့တို့မှ ခရီးသွားလုပ်ငန်းများပိုမိုတိုးမြှင့်နိုင်ရန်အတွက် လေယာဉ်ခရီးစဉ်များပျံသန်းနိုင်ရေး ချိတ်ဆက်မှုများကို စီစဉ်ဆောင်ရွက်နေကြောင်း ရုရှားဖက်ဒ‌ရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီး ဌာန၏ သတင်းစာရှင်းလင်းပွဲ၌ သတင်းထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် မကြာမီအချိန်အတောအတွင်း မြန်မာနှင့် ရုရှားနိုင်ငံ နှစ်နိုင်ငံကြားခရီးသွားများ အဆင်ပြေလွယ်ကူချောမွေ့စေရန်ငွေပေးချေမှုလမ်းကြောင်းတစ်ခုကို စီစဉ်လျက်ရှိကြောင်း သိရသည်။

မော်စကိုမြို့ ၊ Krasnoyarsk မြို့နှင့်Yekaterinburg မြို့တို့မှ ခရီးသွားများ အဆင်ပြေချောမွေ့စေရန် သက်တောင့်သက်သာဖြစ်စေသော လေကြောင်းလိုင်းများနှင့် လေယာဉ်ခရီးစဉ်များကို စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ – ရုရှား တိုက်ရိုက်လေယာဉ် ခရီးစဉ်ကို အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလဆန်းပိုင်းတွင် စတင်မိတ်ဆက်ခဲ့ပြီး  ရန်ကုန် – မန္တလေး – နိုဗိုစီဗစ် – မန္တလေး – ရန်ကုန် ခရီးစဉ်ကို တစ်ပတ်နှစ်ကြိမ် ပြေးဆွဲပေးနေ ကြောင်း သိရသည်။

မြန်မာ – ရုရှား နှစ်နိုင်ငံလေကြောင်းလိုင်းများ ချိတ်ဆက်ပျံသန်းနိုင်ပါက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များတွင် ရုရှားနိုင်ငံသည် တတိယအများဆုံးလည်ပတ်သည့် နိုင်ငံဖြစ်လာနိုင်ကြောင်း မြန်မာနိုင် ငံခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here