မင်းလှမြို့နယ်တွင် ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေ စစ္စနိုဓာတ်အားခွဲရုံဖွင့်လှစ်လိုက်သည့်အတွက် ကျေးရွာ (၆)ရွာမှ အိမ်ထောင်စု (၂၀၂၉) စု လျှပ်စစ်မီး စတင်သုံးစွဲနိုင်

0
107

မကွေးတိုင်းဒေသကြီး၊ မင်းလှမြိုနယ်၊ စစ္စနိုကျေးရွာတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးတို့မှ စုစုပေါင်းငွေကျပ် (၃.၀၂)ဘီလီယံကျော် အကုန်အကျခံပြီး တည်ဆောက်ပေးခဲ့သည့် စစ္စနိုဓာတ်အားခွဲရုံအဆောက်အဦးနှင့်  (၃၃)ကေဗွီဓာတ်အားလိုင်းနှင့် (၂)ခန်းတွဲ(၁)ထပ် ဝန်ထမ်းနေအိမ် ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းလှမြိုနယ်၊ စစ္စနိုကျေးရွာရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ စစ္စနို ဓာတ်အားခွဲရုံအား ဇန်နဝါရီ (၂၆) ရက် နံနက်ပိုင်းက ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦး‌အေးကျော်နှင့် တိုင်း‌ဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြိုနယ်များမှ ဌာနဆိုင်ရာများ၊ ကျေးရွာအသီးသီးမှ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အနေနှင့် ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရေး နည်းလမ်းပေါင်းစုံနှင့် ကြိုးပမ်းလျက်ရှိရာ ပြည်သူများအနေနှင့် လျှပ်စစ်ဓာတ်အားကို အကျိုးရှိစွာသုံးစွဲခြင်း၊ လိုအပ်သလောက်ကိုသာ ချွေတာသုံးစွဲခြင်း၊ မိမိတို့ ကျသင့်သည့် ဓာတ်အားခများကို သတ်မှတ်ရက်များအတို င်း အချိန်မီ ပေးသွင်းကြခြင်းဖြင့် နိုင်ငံတော်အတွင်း ဓာတ် အားများပိုမိုထုတ်လုပ်နိုင်ရေး၊ လျှပ်စစ်မီးမရရှိသေးသည့် ဒေသများမှပြည်သူများ လျှပ်စစ်ဓာတ်အားများ သုံးစွဲနိုင်ရေးတို့ကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းဝန်ကြီးချုပ်ဦးတင့်လွင်က ပြောကြားခဲ့သည်။

မင်းလှမြိုနယ်အတွင်း ယခင်က(၃၃)ကေဗွီ ဓာတ်အားခွဲရုံ(၁) ရုံသာရှိပြီး မြိုပေါ်နှင့် ကျေးရွာ(၁၅၃) ရွာအနက် (၂၃)ရွာခန့်သာ လျှပ်စစ် မီးသုံးစွဲနိုင်ပြီး လျှပ်စစ်ဓာတ်အား လွှမ်းခြုံမှုအနေနဲ့ (၃၄.၁၄) ရာခိုင်နှုန်းသာရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မင်းလှမြိုနယ်တွင် ၃၃/၁၁ ကေဗွီ(၅)အမ်ဗွီအေ စစ္စနိုဓာတ်အား ခွဲရုံတည်‌ဆောက်ပြီးဖြစ်၍ ကျေးရွာ (၆)ရွာမှ အိမ်ထောင်စု (၂၀၂၉)စုမှာ လျှပ်စစ်မီးသုံးစွဲနိုင်ပြီဖြစ်ကြော င်း သိရသည်။

ကျန်ရှိနေသောကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိနိုင်ရေးအတွက် ဘတ်ဂျက်ရရှိမှု အပေါ်မူတည်၍ နှစ်အလိုက်လျာ ထားတင်ပြ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြိုနယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူး‌ရေးလုပ်ငန်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here