ချောင်းဦးမြို့နယ်တွင် ဆောင်းသီးနှံဧက ၉ သောင်းကျော် စိုက်ပျိုးအောင်မြင်

0
102

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင်ဆောင်းသီးနှံဧက ၉ သောင်းကျော် စိုက်ပျိုးအောင်မြင်ကာစျေးကွက်သို့ပို့ဆောင်ရောင်းချနေရကြောင်းသိရသည်။

“သီးနှံစိုက်ခင်းတွေမှာ ကုန်ကျစရိတ်သက်သာပြီး တောင်သူတွေ ကိုယ်တိုင်ပြုလုပ်သုံးနိုင်တဲ့ သဘာဝပိုးတားဆေးတွေ၊ သဘာဝမြေသြဇာတွေ၊ ရွက်ဖျန်းအားဆေးတွေ ပြုလုပ်သုံးစွဲတာ စိုက်သမျှဖြစ်ထွန်းတယ်”ဟု ချောင်းဦးမြို့နယ်၊ကျီကုန်းကျေးရွာမှ တောင်သူ ဦးအံ့ကြည်က ပြောသည်။

ချောင်းဦးမြို့နယ်တွင် ဆောင်းသီးနှံ ကုလားပဲ၊ ဂျုံ၊ မြေပဲ၊နှမ်း၊ နေကြာ၊ ငရုပ်၊ ကြက်သွန်နီ၊ပဲမျိုးစုံ၊ ဖူးစားပြောင်း၊ အ စေ့ထုတ်ပြောင်းနှင့် ဟင်းသီးဟင်းရွက်စသဖြင့် သီးနှံစုံစိုက် ပျိုးကြကြောင်း သိရသည်။

“ထွက်တဲ့ သီးနှံတွေကို မြို့နယ်အတွင်း စားသုံးမှု ဖူလုံရုံသာမက အခြားဒေသတွေကို ပို့ဆောင်လျက်ရှိပါတယ်”ဟု ချောင်းဦးမြို့၊ မြို့သစ်ရပ်ကုန်သည်တစ်ဦးက ပြောသည်။

ချောင်းဦးမြို့နယ်တွင် နှစ်စဥ်ဆောင်းသီးနှံကို ဧက ၉ သောင်းကျော် စိုက်ပျိုးခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း ဧက ၉ သောင်းခွဲကျော် စိုက်ပျိုးထားရာ အားလုံးအောင်မြင်ဖြစ်ထွန်းကြောင်း ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

“စိုက်ပျိုးထားတဲ့ ဆောင်းသီးနှံတွေ အထွက်နှုန်းတိုးတက်ဖို့နဲ့ အရည်အသွေး ကောင်းမွန်ဖို့အတွက် မျိုးကောင်းမျိုးသန့်တွေ စိုက်ပျိုးပြီး မြေသြဇာတွေ အချိန်ကိုက်၊ အချိုးကျ၊ အ ကျိုးရှိရှိ သုံးစွဲတတ်ဖို့ ပိုးမွှားရောဂါတွေ ကြိုတင်ကာကွ ယ်နိုင်ဖို့ တောင်သူပညာပေး သင်တန်းဆွေးနွေးပွဲတွေ ပြုလုပ်ပေးနေပါတယ်” ဟု ချောင်းဦးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာ နမှ တာဝန်ရှိသူက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here