ဗိုလ်ချုပ်လမ်းနှင့် မော်တင်လမ်းတောင့်တွင် ယာဉ် (၃)စီး ဆင့်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး အသက်ဆုံးရှုံး

0
155

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် မော်တင်လမ်းတောင့်တွင် ယမန်နေ့ ညပိုင်းက ယာဉ် (၃) စီး ဆင့်တိုက်မိမှုဖြစ်ပွားခဲ့ပြီး အသက် (၅၆)နှစ်အရွယ် အမျိုးသား တစ်ဦး အသက်ဆုံးရှုံးခဲ့ပြီး(၆)ဦးထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းမှ သိရသည်။

ဗိုလ်ချုပ်လမ်းနှင့် မော်တင်လမ်းတောင့်တွင် ဇန်နဝါရီ (၂၈) ရက် ည (၁၁)နာရီအချိန်ခန့်က ဟိုက်ဂျက်တစ်စီး၊ ရွှေငါးတစ်စီးနှင့် မာစတာ ပြိုင်ကားတစ်စီးတို့ (၃) စီးဆင့် တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာရာသို့ ရှင်သန်ရေးကူ ညီမှုအသင်းမှ လူနာတင် ယာဉ်နှစ်စီးဖြင့် သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

“အသက် (၅၆) နှစ်အရွယ် အမျိုးသား တစ်ဦးကွယ်လွန်ပြီး ကျန် (၆)ဦး အစိမ်းရောင်အဆင့်ပါ” ဟု ရှင်သန်ရေး ကူညီမှုအသင်းက ဆိုထားသည်။

ဖြစ်စဉ်မှ ဒဏ်ရာရအမျိုးသား (၆) ဦး၊ အမျိုးသမီး(၁) ဦးတို့အား ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်သို့ ဝင်းမေတ္တာအသင်းနှင့် ရွှေကံ့ကော်အသင်းမှ လူနာတင်ကားများဖြင့် ကူညီ ပို့ဆောင်ပေးခဲ့ပြီး အသက်(၅၆)နှစ်အရွယ် အမျိုးသားတစ်ဦးအသက်ဆုံးရှုံးခဲ့ရပြီး ကျန်(၆)ဦးမှာ မစိုးရိမ်ရထိခိုက်ဒဏ် ရာရခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here