အင်ဒိုနီးရှားတွင် ခြေစမ်းပွဲ သွားရောက်ယှဉ်ပြိုင်မည့် ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ် ကစားသမား ၁၉ ဦးစာရင်းထုတ်ပြန်

0
185

ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ် Mr.Bunlert Charongwong သည် အင်ဒိုနီးရှားနိုင်ငံသို့ ခြေစမ်းပွဲ သွားရောက်ယှဉ်ပြိုင်မည့် ပဏာမ ကစားသမား ၁၉ ဦးစာရင်းကို ယနေ့ ထုတ်ပြန်လိုက်သည်။

ပဏာမ မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းသည် အုပ်ချုပ်/နည်းပြ ၉ ဦး ပဏာမ ကစားသမား ၂၄ ဦးတို့နှင့် အတူ ဇန်နဝါရီ ၂၀ ရက်မှ စတင်ကာ လေ့ကျင့်ပြင်ဆင်ခဲ့ခြင်း ဖြစ်ပြီး လေ့ကျင့်ချိန် တစ်ပတ်အကြာတွင် အင်ဒိုနီးရှား နိုင်ငံသို့ ခြေစမ်းပွဲ သွားရောက်ကစားမည့် ကစားသမား ၁၉ ဦးကို နည်းပြချုပ် Mr.Bunlert Charongwong က ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲတွင် အုပ်စု (က)၌ အိမ်ရှင် ထိုင်းအသင်း၊ ဗီယက်နမ် အသင်း၊ တရုတ် အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် လက်ရှိတွင် သုဝဏ္ဏကွင်းအတွင်းရှိ လက်ရွေးစင်ကစားသမားများ အဆောင်တွင် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုနောက် ဖေဖော်ဝါရီ (၅) ရက်တွင် အင်ဒိုနီးရှား နိုင်ငံ Surabaya မြိုသို ထွက်ခွာပြီး ဖေဖော်ဝါရီ (၇) ရက်နှင့် (၉) ရက် တို့တွင် အင်ဒိုနီးရှား ဖူဆယ်လိဂ် ချန်ပီယံ Bintang Timur Futsal Club အသင်း၊ ဖေဖော်ဝါရီ (၁၀) ရက်တွင် Regional East Java Team နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here