တညင်းကုန်း လက်ကားဈေးကြီး၌ အကြီးစားနှင့် အလတ်စားလူနေပွဲရုံ ဆိုင်ခန်းများ အတိုးမဲ့အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေ

0
185

တညင်းကုန်း လက်ကားစျေးကြီး၌ အကြီးစားလူနေပွဲရုံဆိုင်ခန်းနှင့် အလတ် စားလူနေပွဲရုံဆိုင်ခန်းများကို အတိုးမဲ့အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေကြောင်း Myanmar Agro Exchange Public Co., Ltd. (MAEX) မှ သိရသည်။

အဆိုပါ Shop House တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ကုမ္ပ ဏီမှ ဖိတ်ခေါ်ထားပြီး ထပ်မံတည်ဆောက်လျက်ရှိသည့် ပုလဲလမ်းဘက်ခြမ်း မျက်နှာစာတန်းမှ Shop House (၂) ခန်းတွဲ (၄) ထပ်၊ (၂) ခန်းတွဲ (၃) ထပ်တိုက် ပွဲရုံဆိုင်ခန်းများ နှင့် ဈေးရုံကြီး(၃)/(၅)/(၇)များ ပတ်လည်တွင်ရှိသည့် Medium Wholesale (အလတ်စားလူနေပွဲရုံ) များကို ရောင်းချပေးနေခြင်းဖြစ်သည်။

ထို့အပြင် ဆိုင်ခန်းများအတွက် ငွေပေးချေမှုတွင် အတိုးမဲ့ Company အရစ်ကျဖြင့် ငွေပေးချေနိုင်ခြင်း၊ ၁၀၀ ရာခိုင် နှုန်း Bank Payment ဖြင့် ငွေပေးချေနိုင်ခြင်း၊ ဘဏ်များနှင့် ချိတ်ဆက်ပြီး နှစ်ရှည်အရစ်ကျ ပေးဆောင်နိုင်ကြောင်း လည်း သိရသည်။

တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်လက်ကားဈေးကြီးကို ရန်ကုန်စတော့အိတ်(စ်)ချိန်း – YSX စာရင်းဝင် မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆို င်သော ကုမ္ပဏီလီမိတက်မှ စီမံခန့်ခွဲလျက်ရှိသည်။

တညင်းကုန်းလက်ကားဈေးကြီးကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ (ဈေးများဌာန) နှင့် မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့ အကျိုးတူ ပူးပေါင်း၍ မြေအကျယ် ဧက ၈၀ ကျော်တွင် ဆောင်ရွက်နေခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here