မြောက်ဦးမြို့တွင် တိုက်ပွဲကြောင့် လူနေအိမ် (၂၀)ကျော် မီးလောင်ဆုံးရှုံးပြီး ဒေသခံအချို့ သေဆုံးမှုများရှိဟုဆို

0
146

ရခိုင်ပြည်နယ်၊ မြောက်ဦးမြိုအတွင်း ယမန်နေ့ ဇန်နဝါရီ (၂၈) ရက် နံနက်အစောပိုင်း (၃)နာရီ အချိန်ခန့်တွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ်အချို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့အတူ ဇန်နဝါရီ (၂၇)ရက် ည(၁၀)နာရီဝန်းကျင်အချိန်တွင်လည်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်ရှိ ဒေသခံပြည်သူ နေအိမ် (၂၀) ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်ခဲ့သည့် နေအိမ်များကို ဒေသခံပြည်သူများက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံက သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း ဒေသခံပြည်သူ (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ယင်းအနက် (၄)ဦးအသက်ဆုံးရှုံးခဲ့ရကြောင်းသိရှိရပြီး ပေါ်ပြူလာနယူးစ်အနေဖြင့် အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျှက် ရှိသည်။

တကျော့ပြန် တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းအတွင်း ယနေ့အချိန်အထိ စစ်ရှောင်ပြည်သူ စုစုပေါင်း သုံးသိန်းကျော်လာပြီဖြစ်ကြောင်း ဒေသခံ အရပ်ဘက် လူမှုကူညီရေးအဖွဲ့များ၏ ပြောဆိုမှုများအရ သိရသ ည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း AA ဖက်မှစတင်ခဲ့သည့်  တကျော့ပြန်တိုက်ပွဲများကြောင့် ဒေသခံပြည်သူ သိန်းနှင့်ချီ၍ စစ်ရှောင်နေကြရပြီး စားဝတ်နေရေး ကြပ်တည်းမှုများအပါအဝင် ကုန်ဈေးနှုန်းကြီးမြင့်လာမှုနှင့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးလိုအပ်ချက်များရှိလာကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ရသေ့တောင်၊ ကျောက်ဖြူ အစရှိသည့် မြို့နယ်များတွင် စစ်ရှောင်အရေအတွက် သိန်းနှင့်ချီရှိနေပြီး ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် လည်း စစ်ရေးအရှိန် မြင့်တက်လာခြင်းကြောင့်  ဒေသတွင်း နေရပ်စွန့်ခွာသူအရေအတွက်မှာ  နေ့စဉ်နှင့်အမျှ များပြားလာလျှက်ရှိလာကြောင်း သိရသည်။

ဓာတ်ပုံ -CJ


LEAVE A REPLY

Please enter your comment!
Please enter your name here