ဒူတာတေးရဲ့သားက မားကို့စ်သားလက်ရှိသမ္မတ မားကို့စ်ကို ပျင်းရိသူဟု ကင်ပွန်းတပ်ကာ ရာထူးမှ နုတ်ထွက်ဖို့တိုက်တွန်း

0
204

နိုင်ငံရေး သြဇာကြီး မိသားစုနှစ်ခုအကြား အကွဲအပြဲ နက်ရှိုင်းလာမှုအဖြစ်ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့သားက လက်ရှိသမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကို ပျင်းရိသူ၊ စာနာစိတ်မရှိသူလို့ ခေါ်ဆိုခဲ့ပြီး ရာထူးကနေ နုတ်ထွက်ပေးဖို့ တိုက်တွန်းလိုက်ကြောင်း သိရပါတယ်။

မားကို့စ်ဟာ ဒုတိယ သမ္မတဖြစ်လာတဲ့ ဒူတာတေးရဲ့ သမီး ဆာရာနဲ့ ပူးပေါင်းကာ ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့် သမ္မတဟောင်းရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးနဲ့ နိုင်ငံခြားရေး ပေါ်လစီတွေအပေါ် လက်ရှိသမ္မတက ပစ်ပယ်လိုက်တာကြောင့် မိသားစုနှစ်ခုအကြား မဟာမိတ်ဆက်ဆံရေး စတင်အက်ကြောင်းထင်ခဲ့ပါတယ်။

ဖခင်ဖြစ်သူ ဒုတာ​တေးလက်ထက်က သဘောထားတင်းမာတဲ့ ရပ်တည် ချက်တွေကို ဖြေလျှော့လိုက်ပြီးနောက်မှာ ရာဇဝတ်မှုတွေ ပြန်လည်ခေါင်းထောင်လာတယ်လို့ ဖိလစ်ပိုင်ရဲ့ တတိယမြောက် လူဦးရေအထူထပ်ဆုံးမြို့ဖြစ်တဲ့  ဒါဗာအိုမြို့တော်ဝန် ဆီဘာစတိန်း ဒူတာတေးက ပြောဆိုခဲ့ပါတယ်။

မားကို့စ်ဟာ အမေရိကန်တွေ နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုခြင်းအားဖြင့် အပြစ်မဲ့ ဖိလစ်ပိုင်ပြည်သူတွေကို အန္တရာယ်ဖြစ်စေခဲ့တယ်လို့လည်း ထိုင်ဝမ်နဲ့ နီးစပ်သူအများအပြား အပါအဝင် စစ်အခြေစိုက်စခန်းများသို့ အမေရိကန်တွေဝင်ရောက်ခွင့် တိုးချဲ့ခဲ့ခြင်းကို ရည်ညွှန်းကာ စွပ်စွဲပြောဆိုခဲ့ပါတယ်။ သမ္မတဟောင်း ဒူတာတေးလက်ထက်ကတော့ တရုတ်နိုင်ငံနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို ထူထောင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ကွန်မြူနစ်သူပုန်တွေနဲ့ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးမှုတွေ ပြန်စဖို့ မားကို့စ်က ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာလည်း ဆီဘာစတိန်း ဒူတာတေးက ကန့်ကွက်ခဲ့ပြီး သူပုန်အမာခံနယ်မြေတွေအဖြစ် အသုံးချခံခဲ့ရတဲ့ ဧရိယာတွေက ဒေသခံတွေရဲ့ နာကျင်ခံစားရမှုတွေအကြောင်း မားကို့စ် ဘာမှမသိရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

“ခင်ဗျားက ငပျင်း၊ စာနာစိတ် မဲ့တဲ့သူပဲ၊ ဒါကြောင့် ကျုပ်တို့ စိတ်ဆင်းရဲရတယ်” လို့ သူက ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ လတ်တလောမှာ မားကို့စ်ရဲ့ရုံးက တုန့်ပြန်မှတ်ချက်ပေးလားခြင်း မရှိသေးကြောင်း သိရပါတယ်။

Ref: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here