နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာ ၉ သန်း ထပ်မံရောင်းချပေး

0
177

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့်  ယနေ့ ဇန်နဝါရီ (၂၉) ရက်တွင် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာ ၉ သန်း ထပ်မံရောင်းချပေးခဲ့ကြောင်း သိရသည်။

ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုပြီးနောက်ပိုင်း သွင်းကုန်သမားများ ကုန်ပစ္စည်းတင်သွင်းရာတွင် အဆင်ပြေစေရန်အတွက် ဒေါ်လာများကို ထုတ်ရောင်းပေးနေခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၁၈) ရက်မှ စတင်ပြီး ဒေါ်လာများ ထုတ်ရောင်းပေးခဲ့ရာ ဈေးကွက်အတွင်း စုစု ပေါင်းဒေါ်လာ ၇၅ ဒသမ ၀၉ သန်းရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယခုတစ်လအတွင်း ထိုင်းဘတ်သန်း ၂၅၀ ရောင်း ချပေးထားပြီး အမေရိကန်ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တ ရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြား ငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်ကထုတ်ရောင်းပေးထားသည်။

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်သို့  စက်သုံးဆီ တင်သွင်းသည့်ကုမ္ပဏီများအတွက် ပြီးခဲ့သည့် ၂၀ ၂၃ ခုနှစ် ဒီဇင်ဘာလ (၁၈) ရက်တွင် ကန်ဒေါ်လာ ၉ ဒသမ ၇၂ သန်း၊ (၂၁) ရက်တွင် ဒေါ်လာ ၁၂ ဒသမ ၄၃ သန်း၊ ၂၀ ၂၄ ခုနှစ် ဇန်နဝါရီ (၁) ရက်တွင် ဒေါ်လာ ၁၂ ဒသမ ၉၄ သ န်း၊ ဇန်နဝါရီလ (၅)ရက်တွင်  ဒေါ်လာ ၁၆ သန်း၊ ဇန်နဝါရီ (၁၅) ရက်တွင် ဒေါ်လာ ၁၅ သန်း ထုတ်ရောင်းပေးထားကြောင်း သိရသည်။

လက်ရှိငွေကြေးဈေးကွက်အတွင်း ထိုင်းဘတ် တစ်ဘတ်လျှင် ၁၀၀ ကျပ်နှင့် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၃၅၃၅ ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here