ကျိုင်းတုံနှင့် ပုသိမ်မြို့တို့ အာဆီယံ၏ အသန့်ရှင်းဆုံး ခရီးသွားမြို့တော်ဆု (ASEAN Clean Tourist City Award )ရသည့်အပြင် မြန်မာနိုင်ငံမှ ခရီးသွားနှင့်ဆိုင်သည့်ဆုများရရှိ

0
271

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် လာအိုနိုင်ငံ ၊ ဗီယင်ကျန်းမြို့တွင် ကျင်းပသည့် အာဆီယံ ခရီးသွားလုပ်ငန်း ဖိုရမ်၌ အာဆီယံ ခရီးသွားလုပ်ငန်းစံနှုန်းဆုများပေးအပ်ချီး မြှင့်ရာတွင် မြန်မာနိုင်ငံမှ ကျိုင်းတုံမြို့နှင့် ပုသိမ်မြို့တို့ကို ASEAN Clean Tourist City Award ဆု ချီးမြှင့်ခဲ့ခြင်းဖြစ် သည်။

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်ကို ဇန်နဝါရီ ၂၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပခဲ့သည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၄ နှင့် ဆက်စပ်ကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးများအစည်းဝေးကို မြန်မာနိုင်ငံမှ ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီး ဒေါက်တာ သက်သက်ခိုင်တက်ရောက်ခဲ့ခြင်း ဖြစ်သ ည်။

အဆိုပါ အခမ်းအနားတွင် ပေးအပ်သည့် ခရီးသွားလုပ်ငန်းဆိုင်ရာစံနှုန်းဆုများတွင် မြန်မာနိုင်ငံမှ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တို့သည်  အာဆီယံ သန့်ရှင်းသော ခရီးသွားမြို့တော်ဆု (ASEAN Clean Tourist City Award ) ရရှိခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အာဆီယံအစိမ်းရောင်ဟိုတယ်ဆု ASEAN Green Hotel Award ငါးဆု၊ ASEAN Mice Venue Standard Award ( Category : Meeting Room ) သုံးဆု၊ ASEAN Mice Venue Standard Award ( Category : Exhibition Award ) နှစ်ဆု၊  ASEAN Mice Venue Standard Award ( Category : Event Venue ) သုံးဆု နှင့် ASEAN Sustainable Tourism Award တစ်ဆုတို့ကိုပါ မြန်မာနိုင်ငံက ရရှိခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးသည် (၂၃) ကြိမ်မြောက် အာဆီယံ – တရုတ်၊ ဂျပန်၊ ကိုရီးယား ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးသို့လည်း တက်ရောက်ခဲ့ပြီး အာဆီယံ-တရုတ် ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို ၂၀၂၅ ခုနှစ်တွင် စတင်ကျင်းပပြုလုပ်ရန် အဆိုပြုချက်အပေါ် ထောက်ခံသဘောတူညီကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

အလားတူ အာဆီယံ – ရုရှား ဖက်ဒရေးရှင်း ခရီးသွားလုပ် ငန်းဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အာဆီယံ – ရုရှား ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း စဉ်များအပြင် မြန်မာနိုင်ငံမှ ရုရှားနိုင်ငံသားများအတွက် ဗီဇာ (၁) နှစ် ကင်းလွတ်ခွင့်ကို ဒုတိယနှစ်အဖြစ် စမ်းသပ်ခွင့်ပြုဆောင်ရွက်ပေးနေမှုများ၊ ၂၀၂၃ ခုနှစ် စက်တင် ဘာလမှစ၍ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား တိုက်ရိုက်လေကြော င်းလိုင်း စတင်ပြေးဆွဲဆောင် ရွက်ခဲ့မှုများအပါအဝင် ရုရှားခရီးသွားများ ပိုမိုတိုးတက် ဝင်ရောက်ရေးအတွက် ချစ်ကြ ည် ရင်းနှီးမှု ခရီးစဉ်အား စီစဉ်ဆောင်ရွက်ခဲ့မှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ် စားလှယ်အဖွဲ့သည် အာဆီယံ ခရီးသွားလုပ်ငန်းဖိုရမ် – ၂၀၂၄ နှင့် ဆ က်စပ်ကျင်းပသည့် အာဆီယံ ခရီးသွားပြပွဲ၌ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ မြန်မာနိုင် ငံကိုယ်စားပြုပြခန်း ပါဝင်ပြသနေမှုအခြေအနေကိုလည်း သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here