ဧရာဝတီယူနိုက်တက်နှင့် လမ်းခွဲလိုက်ပြီဖြစ်သည့် နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း

0
158

ဧရာဝတီယူနိုက်တက်အသင်း၏ နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းသည် အသင်းနှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းလည်းဖြစ် ဧရာဝတီယူနိုက်တက်အသင်း၏ နည်းပြချုပ်လည်းဖြစ်သော ဦးမျိုးလှိုင်ဝင်းသည် အသင်းနှင့်ချုပ်ဆိုထားသော စာချုပ်သက်တမ်း ပြည့်သွားပြီဖြစ်သည့်အတွက် အသင်းနှင့် လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးမျိုးလှိုင်ဝင်းသည် ဧရာဝတီယူနိုက်တက်အသင်းကို စတင် ရောက်ရှိခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ဒုတိယနေရာ၊ ၂၀၂၀ ပြည့်နှစ်မှာ တတိယနေရာ ရောက်ရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြတစ်ဦးလည်း ဖြစ်သည်။

အသင်းအတွက် ကြိုးစားခဲ့မှုများအား အသိမှတ်ပြု ကျေးဇူးတင်ရှိကြောင်းနှင့် ရှေ့ဆက်မည့် ခရီးလမ်းများတွင် အောင်မြင်မှုများရရှိပါစေကြောင်း ဧရာဝတီယူနိုက်တက်အသင်းဘက်မှ ဆုတောင်းပေးထားသည်ကိုလည်း တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here