နစက အစိုးရသည် နိုင်ငံရေး ကင်းရှင်းသည့် အစိုးရဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

0
203

မိမိတို့ အစိုးရသည် နိုင်ငံရေး ကင်းရှင်းသည့် အစိုးရဖြစ်ပြီး နိုင်ငံရေးအစိုးရ မဟုတ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဇန်နဝါရီ (၂၉) ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နစကဥ က္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၁/၂၀၂ ၄)သို့ တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများ အနေဖြင့်လည်း ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး လူပုဂ္ဂိုလ်အတွက် ဆောင်ရွက်ခြင်းမဟုတ်ဘဲ နိုင်ငံ့အကျိုးအတွက် တာဝန်ထမ်းဆော င်ခြင်းမျိုးသာဖြစ်စေလိုကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ထို့အပြင် အစိုးရတစ်ရပ် ဆိုသည်မှာ တိုင်းပြည်ကောင်းစေရန်အတွက် အုပ်ချုပ်ရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ တရားဥပဒေစိုးမိုးရေးကဏ္ဍနှင့် လူမှုရေးကဏ္ဍများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရသည့် အာဏာပိုင်အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

နစက အစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရ ည်မှန်းချက်များနှင့် ဦးတည်ချက်များ ချမှတ်ကာဆောင် ရွက်လျက်ရှိပြီး ယင်းဦးတည်ချက်များကို မှန်မှန်ကန်ကန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လုပ်ငန်းများကို အောင်မြ င်အောင်ဆောင်ရွက်နိုင်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့များအတွက်ကိုလည်း ကျေးဇူးတင်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ရှေ့လုပ်ငန်းစဉ်များ၊ ဦး တည်ချက်များ အပေါ်တွင် အကောင် အထည်ဖော်ဆောင် ရွ က်ရသကဲ့သို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်ဆော င်ရွက်နေသည့် လုပ်ငန်းများရပ် များကိုလည်း ကူညီဆောင် ရွက်ပေးရသည် များရှိကြောင်း ၎င်းကဆိုသည်။

ထို့ကဲ့သို့ လုပ်ငန်းတာဝန်များပြားသဖြင့် အစိုးရအဖွဲ့များ၌ အတွေ့အကြုံရှိသည့် နိုင်ငံ့ဝန်ထမ်းအများစုကို ပြည်ထောင် စုအဆင့် ပုဂ္ဂိုလ်များအဖြစ် ထည့်သွင်းဖွဲ့စည်းထားခြင်း ဖြစ် ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်၊ ၂၀၂၂  ခုနှစ် နှင့် ၂၀၂၃ ခုနှစ်တို့တွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအရ ဆူပူအကြမ်းဖက်မှုများ၊ တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့မှု၊ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားခဲ့မှု၊ နိုင်ငံတကာ မှ အပြုသဘောမဆောင်သည့် တုန့်ပြန်မှုများ မရှိခဲ့ပါကတို င်းပြည်သည် ယခုထက်များစွာ တိုးတက်နေမည်ဖြစ် ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here