လှိုင်မြို့နယ်တွင် အငှားယာဥ်တစ်စီး မီးလောင်မှုဖြစ်ပွား

0
192

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် အငှားယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့သည့်အတွက် လှိုင်မြို့နယ်မီးသတ်စခန်မှ သွားရောက်ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။ 

ယနေ့ ဇန်နဝါရီ (၃၀)ရက်၊ နံနက်(၆)နာရီ (၄၀)မိနစ်အချိန်ခန့်က လှိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် ကားတစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လှိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် သွား ရောက်ငြှိမ်းသတ်ခဲ့ရခြင်းဖြစ်သည်။

ထိုသို့ ငြှိမ်းသတ်ရာ နံနက် (၆)နာရီ (၅၀)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ (၂၈) ရက်၊ နံနက် (၁၁)နာရီ (၄၀)မိနစ်အချိန်ကလ ည်း လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ စက်မှုဇုန်(၄)၊ ပင်စည်မင်းသားကြီးလမ်းတွင် ကားမီးလောင်မှုဖြစ်ပွားကြောင်း သ တင်းအရ လှိုင်သာယာမြိုနယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီးထွက်ခွာငြှိမ်းသတ်ခဲ့ရသေးကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here