ဖုန်း(သို့)ကွန်ပျူတာကို စိတ်ကူးဖြင့် ထိန်းချုပ်နိုင်သည့် ပစ္စည်းတစ်ခုကို လူသားဦးနှောက်တွင်းသို့ အီလွန်မတ်စ်၏  ကူမ္ပဏီက အောင်မြင်စွာထည့်သွင်း

0
357

အမေရိကန် စွန့်ဦးတီထွင်သူ ဘီလျံနာ အီလွန်မတ်စ်၏ အာရုံကြောနည်းပညာကုမ္ပဏီဖြစ်သော Neuralink သည် လူ့ဦးနှောက်အတွင်းသို့ အီလက်ထရွန်းနစ်ပစ္စည်းတစ်ခုကို ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီ ၂၈ ရက်က အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့သည်။

အဆိုပါ ပစ္စည်းကို “တယ်လီပသီ”ဟု အမည်ပေးထားပြီး၊  ယင်းပစ္စည်းကို ဦးနှောက်တွင်းထည့်သွင်းထားသူတစ်ဦးသည် “ခင်ဗျားရဲ့ဖုန်း ဒါမှမဟုတ် ကွန်ပျူတာကို အတွေးနဲ့တင် ထိန်းချုပ်စေခိုင်းနိုင်တာကြောင့်၊ အဲဒီကွန်ပျူတာ ဒါမှမဟုတ် ဖုန်းနဲ့ ချိတ်ဆက်ထားတဲ့ ဘယ်ပစ္စည်းကိုမဆိုကိုလဲ အတွေးနဲ့ပဲ ထိန်းချုပ်နိုင်ပါတယ်။” ဟု အီလွန်မတ်စ်က ပြောသည်။

“ပထမဆုံးလူသားသည် Neuralink မှ ထည့်သွင်းပေးလိုက်သော ပစ္စည်းကို သူ၏ ဦးနှောက်က ကောင်းမွန်စွာ လက်ခံခဲ့ပြီး၊ ယခုအခါတွင် ခွဲစိပ်ကုသပြီးအခြအနေ  ကောင်းမွန်လာပြီဖြစ်သည်။ ဦးနှောက်တွင်းရှိ နျူရွန်ခုန်လှိုင်းများကို ထောက်လှမ်းသိရှိမှု ရလဒ်များလည်း အလားအလာကောင်းမွန်နေသည်” ဟု အီလွန်မတ်စ်က သူပိုင်ဆိုင်သည့် လူမှုကွန်ရက် X တွင် ရေးသားခဲ့သည်။

“ဒီကိရိယာကို ကနဦးအသုံးပြုသူတွေဟာ ခြေလက်အင်္ဂါတွေကို အသုံးမပြုနိုင်တော့တဲ့သူတွေပဲ ဖြစ်ကြဖို့များပါတယ်။ စတီဖင်ဟော့ကင်းဟာ အင်မတန်မြန်တဲ့စာစီစာရိုက်သမားတစ်ယောက် ဒါမှမဟုတ် လေလံပွဲမှာကြေညာသူတစ်ယောက်ထက်ကို မြန်ဆန်စွာနဲ့ တခြားသူတွေနဲ့ ဆက်သွယ်မှုပြုလုပ်နိုင်တာကို စိတ်ကူးကြည့်လိုက်ပါ။ ဒါဟာ ကျုပ်လိုချင်တဲ့ ပန်းတိုင်ပါပဲ” ဟု ဘီလီယံနာ မတ်စ်က ရှင်းပြသည်။

အီလွန်မတ်စ် သည် ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် Neuralink ကုမ္ပဏီကို စတင် တည်ထောင်ဖန်တီးခဲ့သည်။ ထို့နောက် လူ့ဦးနှောက်ထဲသို့ ထည့်သွင်းနိုင်သည့် ချစ်ပ်များကို တီထွင်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင်၊ Neuralink ကုမ္ပဏီသည် လူသားများကို လက်တွေ့စမ်းသပ်မှုပြုလုပ်ရန်အတွက် အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့်ဆေးဝါး ညွှန်ကြားမှုဦးစီးဌာန(FDA) ထံမှ ခွင့်ပြုချက်ရရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here