မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်ရိပ်သာလမ်းတွင် အိမ်စီးကားတစ်စီး လမ်းလယ်တုံးအား ဝင်တိုက်မှု ဖြစ်ပွား

0
109

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်ရိပ်သာလမ်း (ကန်ပတ်လမ်း)တွင် အိမ်စီးကားတစ်စီး လမ်းလယ်တုံးအား ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း အနီးဝန်းကျင်ရှိ ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီ (၃၀)ရက်၊နံနက် (၁၁)နာရီအချိန်ခန့်က ဝင်တိုက်မှုဖြစ်ပွားသည့်ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦး အနည်းငယ်သာ ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)ခဲ့ကြောင်း အနီးဝန်းကျင်ရှိသူတို့က ဆို သည်။

ထို့အပြင် ဇန်နဝါရီ (၂၉) ရက်၊ ည (၁၁)နာရီ အချိန်ခန့်ကလည်း မင်္ဂလာတောင်ညွှန့်မြို့နယ် အထက်ပုဇွန်တောင်လမ်းရှိ မက်ခရို (Makro Myanmar) ဈေးဝယ်စင်တာအနီးတွင် ယာဉ်တစ်စီး လမ်းဘေးဓါတ်တိုင်အား ဝင်တိုက်မှု ဖြစ်ပွားခဲ့သည့်အတွက် မင်္ဂလာတောင်ညွှန့်မြို့နယ် မီးသတ်စခန်းမှ သွား ရောက်ကူညီခဲ့ရကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရ အမျိုးသား (၁)ဦးအား ပီတိမေတ္တာ ပရဟိတအသင်း Ambulance ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here