သထုံတွင် အသက် (၁၉) နှစ်အရွှယ် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား

0
148

မွန်ပြည်နယ်၊ သထုံမြို့ ၊ လိပ်အင်းရပ်ကွက်တွင် ယမန်နေ့ ဇန်နဝါရီ (၂၉) ရက် ညပိုင်းက အသက် (၁၉) နှစ်အရွှယ် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းအရင်း အမြစ်အချို့ထံက သိရသည်။

အဆိုပါ သေဆုံးသူ လူငယ်အမျိုးသားသည် ၎င်း၏နေအိမ်ထုပ်တန်း၌ အဝတ်စတစ်ခုနှင့် လည်ပင်းတွင် ချည်ကာကြိုး ဆွဲချ ​ေ-သ ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘာကြောင့်ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။ အလောင်းကိုတော့ ဖြုတ်ပြီးယူသွားပါပြီ”ဟု ဒေသခံတစ်ဦးကဆိုသည်။

ယင်းဖြစ်စဥ်နှင့် ပတ်သက်၍ သေဆုံးသူသည် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးဆောင်ရွက်ရန် သထုံမြို့မရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ် (၄/၂၀၂၄)ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here