တောင်တရုတ်ပင်လယ် လုံခြုံရေးဆိုင်ရာ သဘောတူညီချက် ဗီယက်နမ်နဲ့ ဖိလစ်ပိုင် လက်မှတ်ရေးထိုး

0
155

တောင်တရုတ်ပင်လယ်ဒေသမှာ မလိုလားအပ်တဲ့ ဖြစ်ရပ်တွေကို ကာကွယ်ဟန့်တားရေး၊ နှစ်နိုင်ငံ ကမ်းခြေစောင့်တပ်တွေအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့အတွက် ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ ဇန်နဝါရီ ၃၀ ရက်မှာ သဘောတူညီခဲ့ကြကြောင်း သမ္မတ ဖာဒီနန်မားကို့စ် ဂျူနှီယာရဲ့ ဗီယက်နမ်နိုင်ငံ ခရီးစဉ်အတွင်း ကြေညာချက်မှာတစ်ခုမှာ ဖော်ပြပါတယ်။

သမ္မတနန်းတော်မှာ ပြုလုပ်တဲ့ တရားဝင် အခမ်းအနားတစ်ခုအတွင်း ဗီယက်နမ် အစိုးရအရာရှိတစ်ဦးက သဘောတူညီချက်တွေကို ကြေညာခဲ့ရာမှာ တောင်တရုတ်ပင်လယ်ဒေသအတွင်း မတော်တဆဖြစ်ရပ်တွေ တားဆီးကာကွယ်ရေးနဲ့ ကမ်းခြေစောင့်တပ်တွေအကြား ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့ လုံခြုံရေးဆိုင်ရာ နားလည်မှုစာချွန်လွှာနှစ်ခု လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ထားခြင်း မရှိတဲ့ ဟနွိုင်း သဘောတူညီချက်ဟာ အထူးသဖြင့် အပြိုင်အဆိုင် အငြင်းပွားအရေးဆိုမှုတွေအပေါ် အနာဂတ် အပေးအယူအခြေအနေတွေအတွက် လမ်းခင်းထားတာမျိုးဆိုပါက ပေကျင်းကို ဒေါသထွက်စေမယ့် အန္တရာယ်ရှိနေပါတယ်။

တရုတ်နိုင်ငံဟာ အခြား ပိုင်နက်အငြင်းပွား ပြိုင်ဘက်များအကြား နယ်နိမိတ်အငြင်းပွားမှု ဖြေရှင်းရေး တိုးတက်ဖြစ်ထွန်းမှုတွေကို သံသယစိတ်နဲ့ ရှုမြင်ပါတယ်။

ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နှစ်နိုင်ငံစလုံးဟာ ယခင်က တရုတ်ကမ်းခြေစောင့်တပ်နဲ့ အပြိုင်အဆိုင် ဖြစ်ရပ်တွေရှိခဲ့ဖူးပေမယ့် ၂၀၂၃ ခုနှစ်မှာတော့ တရုတ်နဲ့ အမေရိကန်ရဲ့ မဟာမိတ် ဖိလစ်ပိုင် သင်္ဘောတွေအကြား မကြာခဏဆိုသလို ခိုက်ရန်ဖြစ်ပွားမှုတွေ ရှိလာခဲ့တာဖြစ်ပါတယ်။

ဗီယက်နမ် သမ္မတ Vo Van Thuong နဲ့ တွေ့ဆုံဖို့လည်း ရှိနေတဲ့ မစ္စတာ မားကို့စ်က ဗီယက်နမ်ဟာ အရှေ့တောင်အာရှမှာ ဖိလစ်ပိုင်ရဲ့ တစ်ခုတည်းသော မဟာဗျူဟာ မိတ်ဖက်နိုင်ငံဖြစ်ကြောင်းနဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ပူပေါင်းဆောင်ရွက်မှုဟာ ယင်းဆက်ဆံရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here