မြန်မာ့ပဲတီစိမ်းကို နိုင်ငံတကာ ဝယ်လက်များနှင့် လာမည့်လတွင် စာချုပ်ချုပ်ဆိုတင်ပို့မည်

0
196

လာမည့်ဖေဖော်ဝါရီလတွင် မြန်မာ့ပဲတီစိမ်းကို နိုင်ငံတကာဝယ်လက်များထံ တင်ပို့ရောင်းချနိုင်ရန် မျှော်မှန်းထားကြောင်း ပဲကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

ယင်းကာလသည် ပဲတီစိမ်းလှိုင်လှိုင် ထွက်ရှိချိန်ဖြစ်သည့်အတွက် ဈေးကွက်လိုအပ်ချက်အရ တင်ပို့နိုင်မည်ဟု တွက်ဆနေကြခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် ပြည်ပစျေးကွက်သို့ တင်ပို့ရန် အချိန်စောနေသေးပြီး ပဲပို့ကုန်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ကြိုတင်ဝယ်ယူစုဆောင်းလျက်ရှိသည့် အနေအထားဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် မတ်ပဲ၊  ပဲတီစိမ်းနှင့်  ပဲစင်းငုံများကို  ပြည်ပဈေးကွက်သို့  အဓိကတင်ပို့နေပြီး ၎င်းတို့အနက် မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယသို့ တင်ပို့ကာ ပဲတီစိမ်းများကို တရုတ်နှင့် ဥရောပသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း ဥရောပစျေးကွက်သို့ မြန်မာ့ပဲတီစိမ်းတန်ချိန် ၁၀၀၀၀ ကျော်ကို တင်ပို့ခဲ့ကြောင်း လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်လည်း ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် ၁၂ သိန်းကျော်တင်ပို့ထားပြီး ကန်ဒေါ်လာ ၁ ဒသမ ၀၅ ဘီလီယံကျော် ရရှိထားကြောင်း သိရသည်။

အဆိုပါတင်ပို့မှုတွင် မတ်ပဲတန်ချိန် ၆ သိန်း ၂ သောင်းကျော်၊ ပဲတီစိမ်း  တန်ချိန် ၃ သိန်း ၂ သောင်းကျော်၊ ပဲစဉ်းငုံတန်ချိန် ၁၃ သိန်းကျော်ဖြင့် အများဆုံး တင်ပို့ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here