ကုန်သွယ်မှုနှင့်ပတ်သက်၍ နှစ်စဉ်လိုငွေပြနေဟု နစက ဥက္ကဋ္ဌ ပြော

0
145

မိမိတို့နိုင်ငံတွင် ကုန်သွယ်မှုနှင့် ပတ်သက်၍ နှစ်စဉ်လိုငွေပြနေကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရ အဖွဲ့အစည်း အဝေးအမှတ်စဉ် (၁/ ၂၀၂၄) တွင် ပြောကြားခဲ့သည်။

ကုန်သွယ်မှုနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် နှစ်စဉ်လိုငွေပြလျက်ရှိပြီး ကုန်ထုတ်လုပ်မှုတွင်လည်း ဒေသတွင်းနိုင်ငံများထက် အားနည်းလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

စိုက်ပျိုးရေးထုတ်ကုန်များ ပန်းတိုင်ရည်မှန်းချက် ပြည့်မှီစွာ ရရှိမည်ဆိုပါက ပို့ကုန်ပစ္စည်းများတိုးတက်လာမည်ဖြစ်ပြီးအထွက်နှုန်းများ တိုးတက်လာစေရေးအတွက် နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ရင်းနှီးမတည်ငွေများ ပေးအပ်ထားပြီး ဖြစ်သော် လည်း အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှုများ ရရှိမှုအားနည်းလျက်ရှိ သည်ကို တွေ့ရကြောင်းလည်း ပြောကြားခဲ့သည်။

ထို့ကြောင့် တိုက်ရိုက်သက်ဆိုင်နေသည့် ဝန်ကြီးဌာနများ၊ တာဝန်ရှိသူများအနေဖြင့် အလေးထားအားထည့် ဆောင်ရွက်သွားကြရန်လိုကြောင်းလည်း မှာကြားခဲ့သည်။

၂၀၂၃ ဧပြီလ (၁) ရက်မှ ၂၀၂၄ ဇန်နဝါရီ (၁၉) ရက်အထိ ပြည်ပပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁၁ ဒသမ ၅၁ ဘီလီယံကျော်ရရှိထားပြီး သွင်းကုန်တင်းမှုမှ ကန်ဒေါ်လာ ၁၂ ဒသမ ၈၁ ဘီလီယံကျော်ရရှိထားကြောင်း သိရသည်။

ပြီးခဲ့သည့် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်အပြင် သွင်းကုန်တန်ဖိုးပါ ကျဆင်းလျက်ရှိကြောင်း ဖော်ပြထားသည့် ကိန်း ဂဏန်းအချက်အလက်များအရ သိရသည်။

ထို့ပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက် များအရ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍတွင် ပို့ကုန်တန်ဖိုးဒေါ် လာ ၁၆ ဒသမ ၅ ဘီလီယံ ၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၆ ဘီလီယံ၊ ကုန်သွယ်မှုတ န်ဖိုးဒေါ်လာ ၃၂ ဒသမ ၅ ဘီလီယံ ရရှိရန် ရည်မှန်းထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here