ဖေဖော်ဝါရီလနှင့် မတ်လတွင် ကုန်သွယ်မှုလျာထားချက်ပြည့်မီအောင် လုပ်ဆောင်ရန် တိုက်တွန်း

0
148

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၏ လက်ကျန်ကာလ များဖြစ်သည့်ဖေဖော်ဝါရီလနှင့် မတ်လတွင် ကုန်သွယ်မှုလျာထားချက်ပြည့်မီအောင် လုပ်ဆောင်ရန်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက တိုက်တွန်းပြောကြားသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှု မြှင့်တင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက  လျာထားချက်များ ပြည့်မီစေရေးအတွက် ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်ရဲ့ လက်ကျန်ကာလ များဖြစ်တဲ့ ဖေဖော်ဝါရီလနှင့် မတ်လနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်များတွင် အားထုတ်ဆောင်ရွက်ကြ ရန်လိုကြောင်း၊ ယခုကာလသည် ပွင့်လင်းရာသီ ရောက်ရှိလာကာ နိုင်ငံတွင်း စိုက်ပျိုးထုတ်လုပ်သည့် လယ်ယာထွက်သီးနှံများ အများစုထွက်ပေါ်လာချိန်ဖြစ်ခြင်း၊ ရေထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ခြင်း၊ စက်မှုကုန်ချောလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ သတ္တုတွင်းထွက်ကုန်ချောလုပ်ငန်းများလည်း တင်ပို့မှုပိုမိုချိတ်ဆက်လာနိုင်ခြင်းစတဲ့ အခြေအနေကောင်းများကို မဏ္ဍိုင်ပြုပြီး ကုန်သွယ်မှုမြှင့်တင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ Buyer နိုင်ငံများနှင့် ကုန်သွယ်မှုဆောင်ရွက်ရာတွင် မျှတသည့်ကုန်သွယ်မှု၊ မှန်ကန်သည့် ကုန်သွယ်မှုဖြစ်စေရေး ဆောင်ရွက်ရမည်ဖြစ်ပြီး ကုန်သွယ်မှုလျှင်မြန်ချောမွေ့စေရေးဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍတွင် ပို့ကုန်တန်ဖိုးဒေါ် လာ ၁၆ ဒသမ ၅ ဘီလီယံ ၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၆ ဘီလီယံ၊ ကုန်သွယ်မှုတန်ဖိုးဒေါ်လာ ၃၂ ဒသမ ၅ ဘီလီယံ ရရှိရန် ရည်မှန်းထားကြောင်း ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက် များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here