လိပ်ပြာပုံ ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးရောင်းချပေးမည်

0
233

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံ၌ တွေ့ရှိရသော လိပ်ပြာမျိုးစိတ်အဖြစ် မှတ်တမ်းတင် သဘောထားမှတ်ချက်ပြုထားသည့် “Golden Birdwing” လိပ်ပြာပုံ (၂၀၀) ကျပ်တန် စာပို့ တံဆိပ်ခေါင်းသစ် (၁) မျိုးအား ရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ Golden Birdwing လိပ်ပြာပုံ (၂၀၀) ကျပ်တန် စာ ပို့ တံဆိပ်ခေါင်းသစ် (၁) မျိုးအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ လ (၁) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ပြာသိုလပြည့်ကျော်  (၇) ရက် ကြာသပတေးနေ့ နံနက် ၉ နာရီခွဲ အချိန်မှ စတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်တို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်တွင် ဝယ် ယူသော တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံ ဆိပ်ရိုက်နှိပ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ယင်းတံဆိပ်ခေါင်းများအား တိုင်းဒေသကြီး / ပြည်နယ်များရှိ စာတိုက်များတွင် ဝယ်ယူနိုင်ရန် ဖြန့်ဝေထားရှိပြီးဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here