ရန်ကုန်၌ ယနေ့ တစ်မနက်အတွင်း YBS ယာဉ်နှစ်စီး ယာဉ်တိုက်မှုဖြစ်

0
292

ယနေ့ ဇန်နဝါရီ (၃၀) ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် YBS ယာဉ်နှစ်စီး ယာဉ်တိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၅၂) ရပ်ကွက်၊ ကျန်စစ်သားလမ်းတွင် ယနေ့ နံနက် (၈)နာရီ (၉) မိနစ်အချိန်က YBS ယာဉ်နှင့် ကုန်တင်ယာဉ်တို့ တိုက်မိမှု ဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး ထွက်ခွာကူညီခဲ့ရကြောင်း မြေပြင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ထို့အပြင် ယနေ့ ဇန်နဝါရီ (၃၀) ရက်၊ နံနက် (၁၁) နာရီခွဲ ဝန်း ကျင်ကလည်း ရန်ကုန်တိုင်း ၊ မရမ်းကုန်းမြို့နယ်အတွင်း ၊ အင်းစိန်လမ်းနှင့် အောင်သိဒ္ဓိလမ်းထောင့်တွင် YBS 131 ယာဉ်လိုင်းမှ ယာဥ်တစ်စီးနှင့် စည်ပင်ရေသယ်ကားတို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိကြော င်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here