ပြိုင်ဘက်ဖြစ်သူ ဆေးစစ်ချက်မအောင်မြင်သည့်အတွက် သံမဏီစိုးလင်းဦး၏ One Championship ပွဲစဥ်ရွေ့ဆိုင်းရ

0
329

ပြိုင်ဘက်ကစားသမားဖြစ်သူ ဆေးစစ်ချက်မအောင်မြင်မှုကြောင့် မြန်မာ့လက်ဝှေ့ကျော် သံမဏီစိုးလင်းဦး၏ One Championship ပွဲစဥ်ရွေ့ဆိုင်းလိုက်ကြောင်း သိရသည်။

သံမဏီစိုးလင်းဦးသည် လာမည့်သောကြာနေ့ ဖေဖော်ဝါရီ လ (၂) ရက်တွင် One Lumpinee 50 ပွဲစဥ်၌ (၆၅) ကီလိုတန်းတွင် ထိုးသ-တ်ရန် စီစဥ်ထားခြင်းဖြစ်သည်။

သံမဏိစိုးလင်းဦး နှင့် ထိုးသ-တ်မည့် အီတလီနိုင်ငံသား မွေထိုင်းဖိုက်တာ ဘလာစီမှာ ဆေးစစ်ရာတွင် ကျရှုံးခဲ့သည့်အတွက် ပွဲစဥ်ကိုရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်းပွဲစီစဥ်သူ များထံမှ သိရသည်။

သံမဏိ စိုးလင်းဦးသည် အဆိုပါ ပွဲစဥ်ကို ထိုးသ-တ်ရန်အတွက် ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည့် အတွက် ပွဲပျက်သွားခြင်းမဟုတ်ဘဲ ပွဲရွေ့ဆိုင်းခြင်းဖြစ်ကြောင်းနှင့် အစား ထိုးကစားသမားဖြင့် ပွဲတည်ပေးရန် စီစဥ်လျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here