ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ် ထပ်မံထုတ်ရောင်းပေး

0
271

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ (၂၉) ရက်တွင် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ် လာ ၁.၄ သန်း၊ တရုတ်ယွမ် ၄.၂ သန်းနှင့် ထိုင်းဘတ် ၁၃.၅ သန်းတို့ကို ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။

လူသုံးကုန်နှင့် ‌ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်သွယ်ရေးပိုင်းဆိုင်ရာကဏ္ဍများအတွက် ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီလ (၂၉) ရက် နံနက်ပိုင်းတွင် ကန်ဒေါ်လာ ၉ သန်းကို နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ထုတ်ရောင်းပေးခဲ့ပြီး ညနေပိုင်းတွင် အဆိုပါ ကဏ္ဍများအတွက် ထပ်မံထုတ်ရောင်းပေးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ယခုဘဏ္ဍာနှစ်တွင်လည်း သွင်းကုန်တင်သွင်းမှုသည် ကျဆင်းနေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်း ဗဟိုဘဏ်အနေဖြင့် ကန်ဒေါ်လာ ၇၆ ဒသမ ၄၉ သန်း၊ ထိုင်းဘတ်ငွေ ၂၆၃ ဒသ မ ၅ သန်း၊ တရုတ်ယွမ် ၄.၂ သန်းနှင့် အမေရိကန်ဒေါ်လာ ၄ သန်းနှင့် ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြား ငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်ကထုတ်ရောင်းပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here