ပုဂံရှေးဟောင်းဘုရားတစ်ဆူ၏ ကြမ်းခင်း တူးဆွနေမှုသည်မိုးကြိုးလွှဲကြေးကြိုးမြုပ်ရန် လိုင်းတူးနေခြင်းဖြစ်ကြောင်း ရှေး/သုမှ တာဝန်ရှိသူ ပြော

0
179

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားတစ်ဆူဘ၏ ကြမ်းပြင်အား တူးဆွနေသည့် ဓာတ်ပုံတစ်ပုံ လူမှုကွလန်ရက်တွင် ပျံ့နှံ့နေပြီး ယင်းဖြစ်စဉ်အပေါ် ထင်ကြေးပေး ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

ယင်းကဲ့သို့ တူးဖော်နေခြင်းသည် ရွှေဆံတော်ဘုရားအား မိုးကြိုးလွှဲတပ်ဆင်နိုင်ရန် ကြေးနီးကြိုးမြှုပ်ရန်အတွက် လိုင်းဖော်နေခြင်းဖြစ်ပြီး ဆောင်လုပ်ရေးဝန်ကြီးဌာန၏ အထပ်မြင့် ဦးစီးဌာနမှ တာဝန်ယူလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပုဂံရှေးဟောင်းသုတေသနဌာနမှ တာဝန်ရှိသူက ပေါ်ပြူလာနယူးစ်သို့ ရှင်းပြချက်အရ သိရသည်။

“ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အထပ်မြင့်ဦးစီးဌာနကနေ ‌တိုင်းတာပြီးတော့မှ လုပ်ဆောင်တာပါ”ဟု ပုဂံရှေးဟောင်းသုတေသနဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

အဆိုပါ ရွှေဆံတော်ဘုရား ရင်ပြင်ကို တူးဖော်နေသည့် ကျောက်ပြားများသည် ရှေးဟောင်းအမွေအနှစ်များမဟုတ်ဘဲ ယခုနောက်ပိုင်းကာလမှ ပြန်ခင်းထားသည့် ကျောက်ပြားများ ဖြစ်သည့်အတွက် ရှေး/သု မှ တူးဖော်ရမည့်နေရာကို သတ်မှတ်ပေးထားခြင်း ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြ သည်။

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန် ပုဂံဒေသရှိ ဘုရားပုထိုးစေတီ (၁၀)ဆူတွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်ရန် မိုးကြိုးလွှဲ စက်ကိရိယာတပ်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

ထီးလိုမင်းလို၊ မဟာဗောဓိ၊ မြစေတီ၊ မနူဟာ၊ ဓမ္မရာဇက၊ ရွှေဆံတော်၊ ဓမ္မရံကြီး၊ ဆူလာမဏီ၊ ပြဿဒ်ကြီး နှင့် ပံသကူမဟာထေရ် ဘုရားပုထိုးတို့တွင် မိုးကြိုးလွှဲတပ်ဆင်ရန် စီစဉ်ထားပြီး လက်ရှိတွင် ဘုရား (၆) ဆူတွင် တပ်ဆင်ပြီးဖြစ်ကြောင်း သိရသည်။

မိုးကြိုးလွှဲ စက်ကိရိယာတပ်ဆင်ရာတွင်လည်း အင်္ဂတေနှင့် နံရံဆေးပန်းချီများ မထိခိုက်စေရန်နှင့် ဘုရားပုထိုးများအား ဖူးမြော်ရာတွင် မြင်ကွင်းဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

“မိုးကြိုးလွှဲကြေးကြိုးမြုပ်ဖို့ဆောက်လုပ်ရေးဌာနက လိုင်းတူးနေတာပါ၊ အဲ့ဒီကြမ်းခင်းကယခုခေတ်ကလုပ်ထားတဲ့အသစ်တွေမို့ ရှေးဟောင်းဌာနက assessment လုပ်ပေးပြီးတူးရမည့်နေရာ သတ်မှတ်ပေးထားတာပါ၊ မိုးတွင်းအခါ ဘုရားနှင့်ဘုရားဖူးဧည့်သည်များ မိုးကြိုးအန္တရာယ်မဖြစ်ဖို့ မြေပြန်မြုပ် မူလအတိုင်းကြမ်းခင်းပြန်ခင်းမှာပါ” ဟု ပုဂံရှေးဟောင်းသုတေသနဌာနမှ ဦးကျော်မျိုးဝင်းက အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်မှတဆင့် ပြောကြားထားသည်။

ပြီးခဲ့သည့် မိုးရာသီကာလအတွင်းက ပုဂံရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဇုန်အတွင်းရှိ ဘုရားပုထိုးစေတီတချို့တွင် နှစ်ကြိမ်တိုင်တိုင် မိုးကြိုးပစ်ခတ်ခံရမှုများရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here