MRO က ဖားကန့်ရှိ စစ်ရှောင်စခန်းနှစ်ခုမှ စစ်ရှောင်ပြည်သူ (၉၀၀) ကျော်အတွက် တစ်နပ်စာ ထမင်းဗူးများ လှူဒါန်း

0
165

ဖားကန့်မြို့နယ်ရှိ စစ်ရှောင်စခန်းနှစ်ခုမှ စစ်ရှောင်ပြည်သူ (၉၀၀) ကျော်အတွက် ယနေ့ ဇန်နဝါ ရီ(၃၀)ရက် နံနက်ပိုင်းတွင် တစ်နပ်စာ ထမင်းဗူးများကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဖားကန့်)မှ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် ဆိပ်မူကျေးရွာ စိန်မြသုခကျောင်းတို က်ရှိ စစ်ရှောင်ပြည်သူ (၇၀၀)ဦးနှင့် ဆိပ်မူတောင်ပေါ်ကျော င်းရှိ စစ်ရှောင်ပြည်သူ (၂၈၀) ဦး စုစုပေါင်းစစ်ရှောင်ပြည်သူ( ၉၈၀)ဦးတို့အတွက် လှူဒါန်းခဲ့ကြခြင်းဖြစ်ပြီး ကလေးငယ်များအတွက်လည်း မုန့်များပေးဝေခဲ့ကြကြောင်းသိရ သည်။

“စစ်ရှောင်တွေအတွက် အခုလို လှူဒါန်းပေးတာ ကျေးဇူးတင်ပါတယ်။ ဘာမှလုပ်ကိုင်စားမရတာကြောင့် အလှူရှင်တွေလှူဒါန်းတာကိုဘဲ အားလုံးက စားနေရတာ။ စစ်ရှောင်ကလည်း ကျေးရွာစုံကဆိုတော့ အများကြီးဘဲ။ လာလှူကြပါတယ်။ အဓိက ကတော့ စားဖို့ထမင်းနဲ့ ဟင်းလှူတာများပါတယ်။”ဟု ဒေသခံစစ်ရှောင်အရေး ဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။

ဇန်နဝါရီ (၂၇) ရက်တွင်လည်း ဆိပ်မူကျေးရွာ၊ မှော်ရှန်ဘုန်ကြီးကျောင်းတွင် ခိုလှုံနေသော စစ်ရှောင်ပြည်သူ (၅၀၀) ကျော်အတွက် ဖားကန့်အခြေစိုက် ကွန်းဖောင်ဒေးရှင်းက အစာအဟာရများလာ ရောက်ကျွေးမွေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်အတွင်း ဝှေခါ၊ ဂျန်ဂါ၊ မကပင်၊ မော်လကင်၊ ဆိုင်းတောင်နှင့် ခက်ဂျန် စသည့် ကျေးရွာများတွင် စစ်ရှောင်စခန်း (၆)ခုဖွင့်လှစ်ထားပြီး ဒေသတွင်း စစ်ဘေးရှောင်ပြည်သူ (၄၀၀၀) ကျော် လာရောက်ခိုလှုံနေကြရသည်။

ဓာတ်ပုံ-MRO(ဖားကန့်)


LEAVE A REPLY

Please enter your comment!
Please enter your name here