ကျားဖျန့်ကြိုးကိုင်သူ ကိုးကန့်အထင်ကရ သူ‌ဌေးများကို ဖမ်းဆီးရမိခြင်းမှာ အထင်ကရ အောင်မြင်မှုဖြစ်ကြောင်း တရုတ်ပြော

0
302

ယမန်နေ့ ညပိုင်းက ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှုများ၏ အဓိကခေါင်းဆောင် (၆) ဦးကို တရုတ်ရဲတပ်ဖွဲ့ထံ မြန်မာအာဏာပိုင်များက ပြန်လည်လွှဲပြောင်းပေးခဲ့သည့် ဖြစ်စဉ်သည် အထင်ကရ အောင်မြင်မှုတစ်ခု ဖြစ်ကြောင်း တရုတ်နိုင်ငံဘက်က ပြောကြားလာသည်။

ကိုးကန့်ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန်၊နယ်ခြားစောင့်တပ်ခေါင်းဆောင်ဟောင်း ဝေဆန်း၊ ဖူလီလိုက် လုပ်ငန်းပိုင်ရှင် လျိုအားပေါက် အပါအဝင် ကျားဖျန့်လုပ်ငန်းကြိုကိုင်သူ (၆) ဦးကို တရုတ်ရဲတပ်ဖွဲ့က နေပြည်တော်တွင် လာရောက် ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

အဆိုပါ လှုပ်ရှားမှုသည် တရုတ် – မြန်မာနှစ်နိုင်ငံ၏ နိုင်ငံတကာရဲရေးရာ တရားဥပဒေစိုးမိုးမှု ပူးပေါင်းဆောင်ရွက်ရာတွင် အထင်ကရ အောင်မြင်မှုရလဒ်ပင်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယမန်နေ့ ညပိုင်းတွင် သတင်း ထုတ်ပြန်ထားသည်။

ယမန်နေ့ ညပိုင်းက မြန်မာရဲတပ်ဖွဲ့က တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် တရုတ်အစိုးရ၏ အလိုရှိသူ (၁၀) ဦးထဲတွင် ကျားခြံဟိုတယ် ‌ေ-သနတ်ပစ်မှုဖြင့် သံသယရှိသူ (၄) ဦးလည်း ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံမြောက်ပိုင်းမှ အွန်လိုင်းလိမ်လည်မှုများကို ပြတ်သားစွာဖြင့် အမြစ်ပြတ်ချေမှုန်းရန်အတွက် တရုတ် – မြန်မာရဲတပ်ဖွဲ့က တရားဥပဒေစိုးမိုးမှု လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အဆက်မပြတ်လုပ်ဆောင်ခဲ့လျက် ရှိကြောင်းလည်း တရုတ်သံရုံးက ဆိုသည်။

လက်ရှိအထိ မြန်မာနိုင်ငံမြောက်ပိုင်း၌ အခြေချကာ အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်နေကြောင်း သံသယရှိသူပေါင်း ၄၄,၀၀၀ ကို တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း တရုတ်သံရုံးမှ ထုတ်ပြန်သည့် စာရင်းအရသည်။

ထိုအထဲတွင် နောက်ကွယ်မှ“ငွေကြေးထောက်ပံ့သူ” ၊ အဖွဲ့ခေါင်းဆောင်နှင့် အမာခံများ (၁၇၁) ဦး၊ တရားခံပြေး ၂၉၀၈ ဦးပါဝင်ကြောင်းလည်း သိရသည်။

ကူမင်းလေဆိပ်တွင် တွေ့ရပုံ


LEAVE A REPLY

Please enter your comment!
Please enter your name here