ပြည်မြို့ ဗိုလ်ချုပ်လမ်းမပေါ်တွင် ဆိုင်ကယ်နှင့် သုံးဘီးတို က်မိရာ ဆိုင်ကယ်ပေါ်ပါ (၂) ဦး ဒဏ်ရာရ

0
153

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်မြို့၊ ဗိုလ်ချုပ်လမ်း မပေါ်တွင် ဆိုင်ကယ်နှင့် သုံးဘီးယာဥ်တို့ မတော်တဆ တိုက်မိခဲ့ရာ ဆိုင်ကယ်ပေါ်ပါ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြ ည်) ပရဟိတပါရမီမှ သိရသည်။

ဇန်နဝါရီ (၃၀) ရက်၊ ည (၈) နာရီခွဲ အချိန်ခန့်က ဆိုင်ကယ်နှင့် သုံးဘီးယာဥ်တို့ တိုက်မိပြီး ထိခိုက်ဒဏ်ရာရသူ များရှိသည့်အတွက် အရေးပေါ်လာရောက် ကူညီပေးပါရန် ဆက်သွယ်အကြောင်းကြားချက်အရ အသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်က အနောက်ကနေ မတော်တဆပေါ့နော်၊ ဝင်တိုက်မိတာလို့ သိရပါတယ်။ ဒဏ်ရာကတော့ အရမ်းမများပါဘူး။ ဖြစ်ဖြစ်ချင်းတော့ လမ်းမလျှောက်နိုင်လို့ မြေပြင်ဆေးကုသပေးခဲ့ပြီး ဆေးရုံကို ပို့ပေးခဲ့ပါတယ်။”ဟု မြန်မာ နိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)က ဆိုသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရ အမျိုးသား လူနာ (၂)ဦးအား မြေပြင်အရေးပေါ်လိုအပ်သည်များ ကုသပြုစုကူညီပေးပြီး ပြည်မြို့ ကုတင် (၅၀၀) ဆေးရုံကြီး အရေးပေါ်ဌာနသို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်) ပရ ဟိတပါရမီမှ အရေးပေါ် ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here