အစ္စရေးက ဟားမတ်စ် တိုက်ခိုက်ရေး ဥမင်များအတွင်းသို့ ရေထည့်သွင်း

0
211

လေးလနီးပါးကြာပြီဖြစ်တဲ့ စစ်ပွဲမှာ နောက်ထပ် အပစ်ရပ်စဲရေးအစီအစဉ်တစ်ခုအတွက် နိုင်ငံတကာ ကြားဝင် စေ့စပ်သူတွေ ကြိုးပမ်းနေကြစဉ်မှာပဲ ဂါဇာမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေခဲ့ကာ အစ္စရေးစစ်တပ်က ဟားမတ်စ်တို့ရဲ့ မြေအောက်ဥမင်တွေထဲကို ရေတွေ ဖြည့်သွင်းခဲ့တယ်လို့ ဇန်နဝါရီ ၃၀ ရက်မှာ ပြောဆိုခဲ့ပါတယ်။

ဂါဇာတောင်ပိုင်းရဲ့ အဓိကမြို့ကြီးဖြစ်တဲ့ ခန်ယူနစ္စဟာ တိုက်ပွဲ ဗဟိုချက်နေရာဖြစ်နေပြီး ဗုံးဒဏ်သင့် အဆောက်အအုံတွေနဲ့အတူ နေရာအတော်များများဟာ အပျက်အစီးပုံဖြစ်နေခဲ့ပါတယ်။

“ဂါဇာ မက်ထရို” လို့ အမည်တပ်ထားတဲ့ ဟားမတ်စ်တို့ရဲ့ ကျယ်ပြောလှတဲ့ မြေအောက် ဥမင်ကွန်ရက်အတွင်းကို ရေသွယ်ဖြည့်သွင်းတဲ့ နည်းဗျူဟာ ကျင့်သုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောဆိုပါတယ်။ ဒါဟာ ဟားမတ်စ်ရဲ့ မြေအောက်ဥမင်လှိုဏ်ခေါင်း ခြိမ်းခြောက်မှုတွေကို ချေဖျက်ဖို့ရာ IDF (အစ္စရေး စစ်တပ်) က ဖြန့်ကျက်ထားတဲ့ နည်းကိရိယာတွေထဲက အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ စစ်တပ်က ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပြီး မီဒီယာသတင်းဖော်ပြချက်တွေကို အတည်ပြုသွားခဲ့ပါတယ်။

ဂါဇာဒေသမှာ ဥမင်လှိုဏ်ခေါင်းပေါင်း ၁၃၀၀ လောက်ရှိပြီး စုစုပေါင်း ကီလိုမီတာ ၅၀၀ ခန့်ရှည်လျားတယ်လို့ အောက်တိုဘာလ အစ္စရေး-ဟားမတ်စ် စစ်ပွဲစတင်ချိန် အမေရိကန် စစ်သင်တန်းကျောင်း West Point ရဲ့ ခန့်မှန်းချက်တစ်ခုက ဆိုပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here