ပြည်တွင်းရွှေဈေး တစ်ကျပ်သား ၃၈ သိန်းကျော်အထိမြင့်တက်လာ

0
164

ကမ္ဘာ့ရွှေဈေး ကျဆင်းနေသော်လည်း ပြည်တွင်းရွှေဈေးနှု န်းသည် တစ်ကျပ်သား (၃၈) သိန်းကျော်အထိ မြင့်တက်လာကြောင်း ပြင်ပရွှေဈေးကွက်အတွင်းမှ သိရသည်။

ယခုရက်ပိုင်းအတွင်း ပြည်တွင်း၌ နိုင်ငံခြားငွေလဲလှယ်နှုန်းတစ်ဒေါ်လာ ၃၅၀၀ ကျော်အထိ မြင့်တက်လာပြီး ယင်းနှင့်အတူ ပြည်တွင်း ရွှေဈေးသည်လည်လည်း တရိပ်ရိပ်မြင့်တက်လာခြင်းဖြစ်သည်။

ကမ္ဘာ့ရွှေစျေးသည် ဇန်နဝါရီ (၁) ရက်တွင် တစ်အောင်စလျှင် ၂၀၆၂ ဒေါ်လာရှိရာမှ ယနေ့ ဇန်နဝါရီ (၃၁)ရက် တစ်အောင်စလျှင် ၂၀၃၀ ဒေါ်လာဖြစ်ပြီး တစ်လအတွင်း ၃၂ ဒေါ်လာ ကျဆင်းခဲ့ကြောင်း သိရသည်။

ပြည်တွင်းရွှေစျေးသည်လည်း ဇန်နဝါရီ (၁) ရက်တွင် ရန်ကု န်မြို့ရှိ ရွှေဆိုင်များ၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၇ သိန်း ၁ သောင်းကျပ်ဖြင့် အရောင်းအဝယ် ပြုလုပ်ရာမှ ယနေ့ နေ့လယ်တွင် ၃၈ သိန်း ၉ သောင်းကျပ်သို့ ရောက်ရှိလာပြီး တစ်ကျပ်သားလျှင် တစ်သိန်းကျော် အထိမြင့်တက်လာကြောင်း သိရသည်။

မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်းဒေါ်လာငွေလဲနှုန်းထားတို့အပေါ် မူတည်ပြီး ဈေးနှုန်းအတက်အကျပြောင်းလဲကြောင်း၊  ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် သြဂုတ်လကုန်ပိုင်းတွင်လည်း ပြည်တွင်းငွေလဲနှုန်း တစ်ဒေါ်လာ မြန်မာငွေကျပ် ၄,၅၀၀ ဝန်းကျင်ထိ စံချိန်တင်မြင့်ခဲ့သလို ရွှေဈေးသည်လည်း တစ်ကျပ်သား သိန်း ၄၀ နီးပါးအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here