အုတ်တွင်းမြို့တွင် တွဲကားတစ်စီး လမ်းလယ်ခေါင်၌ တိမ်းမှောက်ရာ ယာဉ်နောက်လိုက် ကားခေါင်းခန်းအတွင်း ညပ်နေ၍ ကယ်ထုတ်ခဲ့ရ

0
139

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့တွင် တွဲကားတစ်စီး လမ်းလယ်ခေါင်၌ တိမ်းမှောက်မှုဖြစ်ပွားရာ ယာဉ်နောက်လိုက်မှာ ကားခေါင်းခန်းအတွင်း ညပ်နေ၍ ကယ်ထုတ်ခဲ့ရကြောင်း ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း အုတ်တွင်းမြို့မှ သိရသည်။

အုတ်တွင်းမြို့၊ မြောက်ဘက်အထွက် မှော်ယောတံတား “စိန်သဇင်”ဆီဆိုင်အနီးတွင် ဇန်နဝါရီ (၃၁) ရက်၊ နံနက် (၉) နာရီ (၄၅)မိနစ်အချိန်ခန့်က ဘီးလင်းမြို့မှ ကျောက်ဆည်မြို့သို့ ကြိတ်သား ကတ်ထူပြားများ တင်လာသော တွဲကားတစ်စီး လမ်းလယ်ခေါင်၌ တိမ်းမှောက်မှူဖြစ်ကြောင်း ဖုန်းသတင်းအရ အသင်းမှ သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။

“ဖြစ်စဉ်ကြောင့် ခေါင်းခန်းထဲ ညှပ်မိနေတဲ့ စပါယ်ဘာကို ချိုင့်အကူတွေ ဘေးက အများပြည်သူ အကူအညီတွေ လယ်ထွန်စက်ဆရာရဲ့ ကူညီပေးမှူတွေနဲ့ ရအောင်ထုတ်ပြီး ညာဘက် ခြေထောက် ဒူးခေါင်းကွဲလို့ ကွေးဆန့်ကြည့်စေရာ အခြေအနေမဆိုးတဲ့အတွက် အုတ်တွင်းဆေးရုံကြီးကို ပို့ပေးခဲ့ပါတယ်။”ဟု အသင်းက ဆိုသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်မောင်း အမျိုးသားမှာ ထိခိုက်မှူမရှိ (ပွန်းပဲ့ရုံ)သာ ရရှိခဲ့ပြီး ယာဉ်နောက်လိုက်မှာ ညာဘက် ခြေထောက် ဒူးခေါင်းကွဲ (မစိုးရိမ်ရ)ရရှိခဲ့ပြီး အခင်းဖြစ်ရာ နေရာမှ အုတ်တွင်းဆေးရုံကြီးသို့ အသင်းမှ အရေးပေါ် အချိန်မှီ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here