တစ်နှစ်တာအတွင်း နိုင်ငံတကာ ကုန်တင်သင်္ဘော ၆၀၀ ကျော် ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့

0
222

ပင်လယ်ရေကြောင်း ကုန်သွယ်မှုကဏ္ဍတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ တစ်နှစ်တာ ကာလအတွင်း နိုင်ငံတကာ ကုန်တင်သင်္ဘောကြီးပေါင်း  ၆၀၀ ကျော် ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ် ကုန်သွယ်မှုရှိခဲ့ကြောင်း  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

အဆိုပါ နိုင်ငံတကာ ကုန်တင် သင်္ဘောများ ဝင်ရောက် ဆိုက် ကပ်မှုအနေဖြင့် ဇန်နဝါရီလတွင် (၅၂)စင်း၊ ဖေဖော်ဝါရီလတွင် (၅၁) စင်း၊ မတ်လတွင် (၅၅) စင်း၊ ဧပြီလတွင် အစင်း (၅၀)စင်း၊ မေလတွင် (၅၆) စင်း၊ ဇွန်လတွင် (၅၇) စင်း၊ ဇူလို င်လတွင် (၅၃) စင်း၊ သြဂုတ်လတွင် (၅၄)စင်း၊ စက်တင် ဘာလတွင် (၅၃)စ င်း၊ အောက်တိုဘာလတွင် (၄၉) စင်း၊ နိုဝင် ဘာလတွင် (၅၀) စင်း၊ဒီဇင်ဘာလတွင် (၄၉) စင်း၊ ၂၀၂၄ ခုနှစ်ဇန်နဝါရီလတွင် (၄၉) စင်း ဝင်ရောက်ဆိုက်ကပ် ကုန်သွ ယ်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လာမည့် ဖေဖော်ဝါရီလတွင်လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ နိုင်ငံတကာကုန်တင် သင်္ဘောကြီး ၅၃ စင်း ဝင်ရောက်ဆိုက်ကပ်ကုန်သွယ်မှု ပြုလုပ်ရန်ရှိကြောင်း သိရသည်။

လက်ရှိတွင် ပြည်ပဖောက်သည် ဈေးကွက်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောများ လစဥ်ပုံမှန်ဝင်ရောက်ဆိုက်ကပ်လျက်ရှိကြောင်း သိရသည်။

ထို့အပြင်ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက် ကုန်သေတ္တာတင်သင်္ဘောလိုင်းအသီးသီးမှ ခရီးစဥ်များ ပြန်လည်တိုးချဲ့ပြေးဆွဲရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Source- Global News Light of Myanmar


LEAVE A REPLY

Please enter your comment!
Please enter your name here