F-16 တိုက်လေယာဉ်တစ်စင်း တောင်ကိုရီးယား အနောက်ဘက်ကမ်းရိုးတန်းတွင် ပျက်ကျ

0
202

ယနေ့ ဒေသစံတော်ချိန် နံနက် ၈း၄၀ နာရီခန့်တွင် Jeonbuk ပြည်နယ်မှ Kunsan လေတပ်စခန်းအနီးရှိ၊ တောင်ကိုရီးယားနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်းတစ်နေရာ၌ အမေရိကန် F-16 တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ကြောင်း Yonhap သတင်းအေဂျင်စီက ဖော်ပြထားသည်။

လေယာဉ်မှူးသည် လေယာဉ်မှ အရေးပေါ်ထွက်ခွာနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ၎င်သတင်းအရ သိရသည်။

အမေရိကန် လေတပ်ကလည်း လေယာဉ်ပျက်ကျကြောင်း အတည်ပြုခဲ့သည်။ “လေယာဉ်မှူးဟာ ဘေးကင်းစွာ ထွက်ခွာနိုင်ခဲ့ပြီး နံနက် ၉း၃၀ နာရီ (ဂရင်းနစ်စံတော်ချိန် ညနေ ၄း၃၀) မှာတော့ [သူ့ရဲ့အခြေအနေကို အကဲဖြတ်ဖို့အတွက်] ဆေးဘက်ဆိုင်ရာဌာနကို ပို့ဆောင်ခဲ့ပါတယ်” ဟု Kunsan လေတပ်စခန်း၏ အင်တာနက်ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ ပျံသန်းစဉ်အတွင်း အရေးပေါ်အခြေအနေ ဖြစ်ပွားခဲ့ကြောင်းကိုလည်း ဆိုထားသည်။

အမေရိကန် စစ်မှုထမ်းကို ကယ်ဆယ်ရာတွင် အကူအညီများအတွက် တောင်ကိုရီးယားကို ကျေးဇူးတင်ကြောင်းနှင့် လေယာဉ်ပျက်ကို ရှာဖွေရန်အတွက် မိမိတို့တပ်ဖွဲ့ဝင်များကို ညွှန်ကြားသွားမည်ဟုလည်း အမေရိကန်လေတပ်ကဆိုသည်။ စုံစမ်းစစ်ဆေးမှု မပြီးမချင်း လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို ထုတ်ပြန်မည်မဟုတ်ဟုလည်း ထပ်လောင်းဆိုထားသည်။

အလားတူဖြစ်ရပ်မျိုး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ဖြစ်ပွားခဲ့ဖူးသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က အမေရိကန် F-16 တိုက်လေယာဉ်တစ်စင်းသည် ပင်လယ်ဝါကို ဖြတ်၍ လေ့ကျင့်ပျံသန်းစဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်တွင်လည်း လေယာဉ်မှူးလွတ်မြောက်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here