မော်တင်စွန်းဘုရားသို့ ရေလမ်းကြောင်းအပြင် ကုန်းလမ်းမှလည်း ခရီးသွားဝင်ရောက်မှု များပြား

0
169

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီသို့ ခရီးသွားများ ဝင်ရောက်မှုများပြားလျက်ရှိကြောင်း ရန်ကုန်-ဟိုင်းကြီး၊ ဟိုင်းကြီး-ရန်ကုန်သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းအသိုင်းအဝိုင်းမှ သိရသည်။

“လုံခြုံရေးကောင်းတော့ ဧရာဝတီတိုင်းဒေသကြီးက မြန်မာနိုင်ငံမှာ အကောင်းဆုံးနေရာပါ။ နေ့ရောညပါ အဆက်မပြတ်ကို သွားကြတယ်”ဟု ရန်ကုန်-ဟိုင်းကြီးသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဟိုင်းကြီးကျွန်းသို့ ခရီးသွားများအနေဖြင့် ရေကြောင်းခရီးမှတစ်ဆင့် သွားလာမှုအဆက်မပြတ် ရှိနေသော်လည်း အချိန်ကုန်သက်သာမှုကြောင့် ကုန်းလမ်းမှသွားသည့်သူများ ပိုမိုများပြားကြောင်း သိရသည်။

“တချို့ကတော့ ဈေးသက်သာတယ်ထင်ပြီး သင်္ဘောနဲ့ လိုက်ကြတာရှိတယ်။ အချိန်ကုန်တာပေါ့။ ဒါကြောင့် ကုန်းလမ်းကနေသွားတဲ့သူက ပိုများတယ်”ဟု ရန်ကုန်-ဟိုင်းကြီး ယာဉ်လိုင်းဂိတ်မှ သိရသည်။

လက်ရှိကာလသည် မိုးလေကင်းလွတ် ပွင့်လင်းရာသီဖြစ်သည့် အတွက် မြန်မာနိုင်ငံမှ ပြည်တွင်းခရီးသွားများအနေဖြင့် မြန်မာနိုင်ငံအနှံ့ အပြားသို့ ခရီးသွားရောက်မှု များပြားသည့်ကာလလည်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခုနှစ် ခရီးသွားရာသီတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ချောင်းသာကမ်းခြေသို့ ခရီးသွားဧည့်သည် ၄၄၀၀၀၀ ကျော် သွားရောက်လည်ပတ်မှုရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here