သာမန်အ‌ခြေအ‌နေ မဟုတ်သေးသည့်အတွက် ဖွဲ့စည်းပုံ ဥပဒေ ပုဒ်မ (၄၂၅) အရ နစက အာဏာသက်တမ်း နောက်ထပ်(၆)လ ထပ်တိုး

0
275

နစက အာဏာရယူထားသည့် (၃) နှစ် ပြည့်သည့် ယနေ့ ဇန်နဝါရီ (၃၁) ရက်တွင် ကာလုံအစည်းအဝေးကျင်းပကာ သက်တမ်း (၆) လထပ်တိုးလိုက်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်မှ စကာ အာဏာထိမ်းထားပြီး၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တစ်နှစ်အုပ်ချုပ်ခဲ့ပြီးနောက် အရေးပေါ်ကာလ (၆) လ သက်တမ်းကို တိုးခြင်းကို ၅ ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

ယခုအကြိမ်သက်တမ်းတိုးခြင်းကိုလည်း ဖွဲ့စည်းပုံ ဥပဒေ ပုဒ်မ (၄၂၅) အရ သာမန်အခြေအနေ မဟုတ်ခြင်းကြောင့် လိုအပ်ချက်နှင့် လုပ်ဆောင်ရမည့်အချက်များကို အရှိန် အဟုန်မပျက် ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ (၆) လသက်တမ်းတိုးမြှင့်ရန် ကာကွယ်ရေး ဦးစီးချုပ်က ယာယီသမ္မတ ဦးမြင့်ဆွေထံ တင်ပြခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများရှိ နယ်မြေများ၌ ဖြစ်ပွားနေသည့် တိုက်ပွဲများ အခြေအနေ ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ခြင်းနှင့် အွန်လိုင်းလိမ်လည်မှုများကို နှိမ်နင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးကဏ္ဍမြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက် ယူရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နိုင်ငံအား တည်ငြိမ်အေးချမ်းသည့် ပုံမှန်အနေအထား၊ သာမန်အနေအထားသို့ရောက်အောင် ဆက်လက်ဆောင်ရွ က်ရန် လိုအပ်နေသေးသည့် အခြေအနေများနှင့် ပတ်သ က်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တင်ပြဆွေး နွေးခဲ့ကြောင်း သိရသည်။

ယင်း တင်ပြချက်များနှင့် ပတ်သက်၍ ယာယီသမ္မတ ဦးမြင့်ဆွေက လက်ရှိ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ ဆက်လက်ဆောင်ရွက်ရန်နှင့် သာမန်မဟုတ်သည့် အခြေအနေဖြစ်သည့်အတွက် “နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေး ကောင်စီသို့ အသိပေးကြောင်း ပြောကြားပြီး အစည်း အဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ယနေ့ ကျင်းပသည့် ကာလုံအစည်းအဝေးသို့ အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here