အမေရိကန်ကြက်တောင်မယ်ကိုအနိုင်ယူပြီး (၁၆) ဦးအဆင့် တက်ရောက်သွားသည့် သက်ထားသူဇာ

0
156

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် PRINCESS SIRIVANNAVARI THAILAND MASTERS 2024 တွင် အမေရိကန်ကြက်တောင်မယ်ကိုအနိုင်ယူပြီး (၁၆) ဦးအဆင့်သို့ တက်ရောက်သွားကြောင်း သိရသည်။

PRINCESS SIRIVANNAVARI THAILAND MASTERS 2024 ပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုတွင် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၁၀,၀၀၀ အထိ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်ထားသူဇာသည် အဆိုပါပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ (၃၂) ဦးအဆင့်မှ ဝင်ရောက်ယှဥ်ပြိုင်ခွင်ရထားပြီး ကမ္ဘာ့အဆင့် (၅၀) ရှိ အမေရိကန်ကြက်တောင်မယ် Lauren LAM နှင့် ယနေ့ ဇန်နဝါရီ (၃၁) ရက်တွင် ယှဥ်ပြိုင်ရာ ၂၁ မှတ် ၁၄ မှတ်၊ ၂၁ မှတ် ၁၄ မှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ယခုနိုင်ပွဲသည် သက်ထားသူဇာ၏ ၂၀၂၄ ခုနှစ်အတွက် ပထမဆုံးနိုင်ပွဲဖြစ်ကြောင်းလည်း သိရသည်။

ထို့ကြောင့် သက်ထားသူဇာသည်(၁၆) ဦးအဆင့်တွင် ယူကရိန်းကြက်တောင်မယ် Polina Buhrova သို့မဟုတ် ထိုင်ဝမ်ကြက်တောင်မယ် Hsu Wen-Chi နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ကမ္ဘာ့ကြက်တောင်အဖွဲချုပ် လက်ရှိသတ်မှတ်ထားသည့် အမျိုးသမီးတစ်ဦးချင်းအဆင့်တွင် သက်ထားသူဇာ၏ လက်ရှိကမ္ဘာ့အဆင့်မှာ (၄၁) ဖြစ်ပြီး 2024 Paris Olympics ကိုဝင်နိုင်ရန်အတွက် လိုအပ်သည့် အမှတ်များစုဆောင်းနိုင်ရန် အကောင်းဆုံးကြိုးစားနေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here