MFP ပါတီအနေဖြင့် တော်ဝင် အသရေဖျက်မှု ဥပဒေ ပြင်ဆင်ပြောင်းလဲရေး ကြိုးပမ်းမှုများကို ရပ်တန့်ရမည်ဟု ထိုင်း တရားရုံး အမိန့်ချ

0
176

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာအများစုနဲ့ အနိုင်ရခဲ့တဲ့ ​ရှေ့သို့(MFP) ပါတီအနေနဲ့ ဘုရင့်နိုင်ငံရဲ့ တင်းကျပ်ထားတဲ့ တော်ဝင် အသရေဖျက်မှုဆိုင်ရာ ဥပဒေကို ပြင်ဆင်ပြောင်းလဲရေး မဲဆွယ်စည်းရုံးမှုများအား ရပ်တန့်ရမယ်လို့ ထိုင်းနိုင်ငံ ထိပ်တန်းတရားရုံးက ဗုဒ္ဓဟူးနေ့(ဇန်နဝါရီ ၃၁) မှာ အမိန့်ချလိုက်ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ သြဇာကြီး ဘုရင်စနစ်အပေါ် မလေးမစားစော်ကားမှုတွေအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ပြီး မထိမတို့ရဲလောက်တဲ့ အကြောင်းအရာဖြစ်သော တော်ဝင် အသရေဖျက်မှုဥပဒေကို ပြင်ဆင်ပြောင်းလဲမယ်ဆိုတဲ့ ဆန်းသစ်သော မဲဆွယ်မှုှုနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ MFP အနိုင်ရခဲ့ပါတယ်။

ဘုရင် မဟာ ဝီဇရလောင်ကွန်းကို အကာအကွယ်ပေးထားတဲ့ ထိုင်းနိုင်ငံရဲ့ တင်းကျပ်တဲ့ ဥပဒေတွေကို ပြင်ဆင်မယ်ဆိုတဲ့ ပါတီရဲ့ မဲဆွယ်ကတိကဝတ်ဟာ ဘုရင်စနစ်ကို ဖြုတ်ချဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။

တော်ဝင် အသရေဖျက်မှု ဥပဒေကို ပြင်ဆင်ပြောင်းလဲမယ့် အစီအစဉ်ဟာ ဘုရင်စနစ်ကို ထိုင်းနိုင်ငံတော်ကနေ ခွဲထုတ်မယ့် ကြံရွယ်ချက်ဖြစ်ပြီး နိုင်ငံတော်ရဲ့ လုံခြုံရေးကို သိသိသာသာ အန္တရာယ်ရှိစေတယ်လို့ တရားရုံးက ဆိုခဲ့ပါတယ်။

လူ့အခွင့်အရေးနဲ့ လွတ်လပ် ခွင့်ဆိုရာမှာ နိုင်ငံရဲ့ လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ စည်းလုံညီညွတ်မှုနဲ့ စာရိတ္တပိုင်းဆိုင်ရာ ထိခိုက်စေနိုင်တဲ့ အပြုအမူအမူလုပ်ရပ်မျိုးတွေကို တားမြစ်ထားတယ်လို့ ဆိုခဲ့ပါတယ်။

MFP ပါတီနဲ့ လွှတ်တော်အမတ် ဖိထာအနေနဲ့ တော်ဝင် အသရေ ဖျက်မှု ဥပဒေ ပြင်ဆင်ပြောင်းလဲရေး စည်းရုံးပြောဆိုမှုကို ချက်ချင်း ရပ်တန့်ရမယ်လို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here