စစ်ပွဲအတွင်း ဆုံးရှုံးမှုများကြီးမားလာသည်နှင့်အမျှ ယူကရိန်း ထိပ်တန်းတပ်မှူးကို ဇလန်းစကီးက ရက်ပိုင်းအတွင်း ထုတ်ပယ်မည်ဟုသတင်းထွက်ပေါ်

0
139

ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် ၎င်း၏ ထိပ်တန်းတပ်မှူးတို့ကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်း ကြာမြင့်လာခဲ့ပြီးနောက် ယူကရိန်း၏ နာမည်ကျော် တပ်မှူါ် Valery Zaluzhny သည် တနင်္လာနေ့တွင် သမ္မတရုံးမှ တွေ့ဆုံရန် ဆင့်ခေါ်ခံရပြီး ၎င်းအား ရာထူးမှ ထုတ်ပယ်ထားကြောင်းပြောကြားခဲ့သည်ဟု အဆိုပါကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်နှစ်ခုက CNN သို့ ပြောကြားခဲ့ပြီး

ယမန်နှစ်က ယူကရိန်း၏ တန်ပြန်ထိုးစစ်မအောင်မြင်ဖြစ်ခဲ့ပြီးနောက် သမ္မတနှင့် ၎င်း၏တပ်မှူးများအကြား အကွဲအပြဲများကြား ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက The Economist မဂ္ဂဇင်းနှင့် အင်တာဗျူးခဲ့ရာတွင် ရုရှားနှင့် စစ်ပွဲကို ရှေ့မတိုးနောက်မဆုတ်အခြေအနေအဖြစ် Zaluzhny က ဖြေကြားခဲ့သဖြင့် တင်းမာမှုများ ပိုမိုမြင့်တက်လာကြောင်း သိရသည်။

တနင်္လာနေ့ကမူ စစ်တပ်အကြီးအကဲအား ရာထူးမှ ထုတ်ပယ်ခြင်းဆိုင်ရာကောလာဟလများသည်မမှန်ကြောင်းသမ္မတ၏ပြောရေးဆိုခွင့်ရှိသူ Serhiy Nykyforov က CNN နှင့်အခြားသတင်းဌာနများကို ပြောကြားခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာနသည် ၎င်း၏လူမှုကွန်ရက်မီဒီယာလိုင်းများတွင်လည်း “လေးစားရပါသော သတင်းထောက်များ၊ ဒါက မမှန်ပါဘူး” ဟု ရေးသားခဲ့သည်။

Zaluzhny အား ရာထူးမှထုတ်ပယ်ခြင်းကို ဗုဒ္ဓဟူးနေ့ညနေအထိ တရားဝင် ကြေငြာခြင်းမရှိသေးသော်လည်း ယခုသီတင်းပတ်ကုန်တွင် သမ္မတထံမှ ထုတ်ပယ်သည့် အမိန့်ကို မျှော်လင့်ထားကြောင်း သတင်းရင်းမြစ်များထဲမှတစ်ဦးက CNN သို့ ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here