မြန်မာ့လက်ရွေးစင်အသင်းနှင့် ISPE အသင်းတို့ ခြေစမ်းကစားရာ တစ်ဖက် တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်

0
147

၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲများအတွက် လေ့ကျင့်မှုများပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် အသင်းသည် မြန်မာနေရှင်နယ်လိဂ်ကလပ် ISPE အသင်းနှင့် ခြေစမ်းကစားရာ တစ်ဖက် တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေပိုင်းက ခြေစမ်း ကစားခဲ့ခြင်းဖြစ်ပြီး လက်ရွေးစင်အသင်းအတွက် သွင်းဂိုးကို ဟိန်းထက်အောင်နှင့် ISPE အသင်းအတွက် သွင်းဂိုးကို သိန်းဇော်သီဟက သွင်းယူပေးခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အသင်းသည် လာမည့် မတ်လအတွင်း ယှဉ်ပြိုင်ရမည့် ဆီရီးယား အသင်းနှင့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အိမ်ကွင်း၊ အဝေးကွင်း ယှဉ်ပြိုင်ရမည်ဖြစ်သည့်အ တွက် ဒုတိယအကြိမ်ပြင်ဆင်မှုများကို ပြင်ဆင်လေ့ကျင့်နေခြင်းလည်းဖြစ်သည်။

ပဏာမ လက်ရွေးစင် အသင်းအနေဖြင့်ပြီးခဲ့သည့် ဇန်နဝါရီ (၁၀) ရက်မှ (၂၀) ရက်အထိ (၁၀) ရက်ကြာ ပထမအကြိမ်လေ့ကျင့်မှုအစီအစဉ်အတွင်း သစ္စာအားမာန်၊ မြဝတီတိုနှင့် ခြေစမ်းခဲ့ပြီး နှစ်ပွဲစလုံး(၄-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

Photo -MFF


LEAVE A REPLY

Please enter your comment!
Please enter your name here