မော်လမြိုင်နှင့် မုဒုံ လက်တက်နှင့် နိုင်လှုံကျေးရွာ လမ်းဝအကြား ဘုရားဖူးကားတစ်စီး တိမ်းမှောက် ကလေးငယ်များအပါ (၃၂)ဦးထိခိုက်ဒဏ်ရာရ

0
295

ဇန်နဝါရီ (၃၁) ရက် မွန်းလွဲ (၂)နာရီ အချိန်ခန့်တွင် မုဒုံမြို့နယ်၊ လက်တက်နှင့်  နိုင်လှုံကျေးရွာ ကြားတွင် အခွန်ကျေးရွာအနောက်အုတ်ဖိုမြို့မှ မိသားစုများလိုက်ပါလာသော ဘုရား ဖူးယာဉ် တစ်စီး တိမ်းမှောက်ကြောင်း သတင်းအရ အားမာန်သစ်ပရဟိတဖောင်ဒေးရှင်း တော်ကူးမှ မိတ်ဖက်အသင်းများနှင့် သွားရောက် ကူညီ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်တွင်ကလေးငယ်များ အပါအဝင် (၃၂) ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အားမာန်သစ်အသင်းနှင့်အတူ မြန်မာ့လူငယ် (Y Rescue)၊ သစ္စာပန်းခင်း၊ မုဒုံအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ ဇီဝိတအလင်းဖောင်ဒေးရှ င်း၊ သုခမေတ္တာ (ညောင်ကုန်း) တောင်ပိုင်းကွန်ရက်  အရေးပေါ်ယာဉ်များဖြင့် ကမာဝက်ဆေးရုံနှင့် မော်လမြိုင်ဆေးရုံကြီးသို့ ကယ်ဆယ်ရေးယာဉ်များမှ ပူးပေါင်းကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here