ထိုင်ဝမ်ကြက်တောင်မယ်ကိုရှုံးနိမ့်ပြီး (၁၆) ဦးအဆင့်ဖြင့်သာ ကျေနပ်လိုက်ရသည့် သက်ထားသူဇာ

0
214

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် PRINCESS SIRIVANNAVARI THAILAND MASTERS 2024 တွင် ထိုင်ဝမ်ကြက်တောင်မယ်ကိုရှုံးနိမ့်ပြီး (၁၆) ဦးအဆင့်ဖြင့်သာ ကျေနပ်လိုက်ရကြောင်း သိရသည်။

PRINCESS SIRIVANNAVARI THAILAND MASTERS 2024 ပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုတွင် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၁၀,၀၀၀ အထိ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်ထားသူဇာသည် အဆိုပါပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ (၃၂) ဦးအဆင့်မှ ဝင်ရောက်ယှဥ်ပြိုင်ခွင်ရခဲ့ပြီး ကမ္ဘာ့အဆင့် (၅၀) ရှိ အမေရိကန်ကြက်တောင်မယ် Lauren LAM နှင့် ဇန်နဝါရီ (၃၁) ရက်တွင် ယှဥ်ပြိုင်ရာ ၂၁ မှတ် ၁၄ မှတ်၊ ၂၁ မှတ် ၁၄ မှတ်ဖြင့် အနိုင်ရရှိခဲ့ကာ (၁၆) ဦးအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

ထိုကြောင့် သက်ထားသူဇာသည် (၁၆) ဦးအဆင့်တွင်  ကမ္ဘာ့အဆင့် (၂၆) မှ ထိုင်ဝမ်ကြက်တောင်မယ် Hsu Wen-Chi နှင့် ယနေ့ ယှဥ်ပြိုင်ကစားရာ ၂၁ မှတ် ၁၆၊ ၂၁ မှတ် ၁၁ ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် (၁၆) ဦးအဆင့်ဖြင့်သာ ကျေနပ်လိုက်ရသည်။

ကမ္ဘာ့ကြက်တောင်အဖွဲချုပ် လက်ရှိသတ်မှတ်ထားသည့် အမျိုးသမီးတစ်ဦးချင်းအဆင့်တွင် သက်ထားသူဇာ၏ လက်ရှိကမ္ဘာ့အဆင့်မှာ (၄၁) ဖြစ်ပြီး 2024 Paris Olympics ကိုဝင်နိုင်ရန်အတွက် လိုအပ်သည့် အမှတ်များစုဆောင်းနိုင်ရန် အကောင်းဆုံးကြိုးစားနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here