တရုတ်နိုင်ငံမှ တီထွင်ထားသည့် ကြိုးမဲ့ ဦးနှောက်-ကွန်ပြူတာ ကြားခံဆက်သွယရေးပစ္စည်း အောင်မြင်စွာ အလုပ်လုပ်

0
370

တရုတ်နိုင်ငံ Tsinghua တက္ကသိုလ်မှ သုတေသီများ တီထွင်ထားသည့် ကြိုးမဲ့ ဦးနှောက်-ကွန်ပြူတာ ကြားခံဆက်သွယ်ရေးပစ္စည်းသည် လေဖြတ်နေသော လူနာတစ်ဦးကို အရာဝတ္ထုများအား ဆုပ်ကိုင်နိုင်စေရန် ကောင်းစွာ ကူညီနိုင်ကြောင်း သိရသည်။ အဆိုပါ ကြားခံပစ္စည်းသည် အီလွန်မတ်စ်၏ Neuralink ကုမ္ပဏီမှ ထုတ်လုပ်သော ကိရိယာနှင့်မတူဘဲ၊ ဦးနှောက်တစ်ရှူးတွင်းသို့ နက်ရှိုင်းစွာ ထိုးစိုက်ထည့်သွင်းရန် မလိုချေ။

တရုတ်နိုင်ငံ Tsinghua တက္ကသိုလ် သုတေသနအဖွဲ့မှ ဖန်တီးထားသည့် ကြားခံဆက်သွယ်ပစ္စည်းသည် အောက်တိုဘာ ၂၄ ရက်က အစားထိုး ကုသမှုခံယူခဲ့သည့် လူသား လေဖြတ်လူနာတစ်ဦးအား ပြန်လည်ထူထောင်ရေးတွင် သိသာထင်ရှားသော တိုးတက်မှု ရရှိခဲ့ကြောင်း အင်္ဂါနေ့က WeChat တွင် ကြေညာခဲ့သည်။

အဆိုပါလူနာအား ကုသခြင်းသည် ပြည်တွင်း၌ရော နိုင်ငံတကာတွင် မှတ်ပုံတင်ထားသည့် လက်ရှိလူ့လက်တွေ့စမ်းသပ်မှုတစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အဆိုပါပစ္စည်းအား လက်တွေ့အသုံးပြုရန်အတွက် သက်ဆိုင်ရာမှ ခွင့်ပြုချက်မရသေးမီကာလအတွင်းတွင် နောက်ထပ်လေ့လာမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန် စွန့်ဦးတီထွင်သူ ဘီလျံနာ အီလွန်မတ်စ်ကလည်း သူပိုင်ဆိုင်သည့် အာရုံကြောနည်းပညာကုမ္ပဏီဖြစ်သော Neuralink သည် အီလက်ထရွန်းနစ်ပစ္စည်းတစ်ခုကို ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီ ၂၈ ရက်က လူ့ဦးနှောက်အတွင်းသို့ အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့ကြောင်း အင်္ဂါနေ့ကပင် ကြေညာခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here