အွန်လိုင်းစနစ်ဖြင့် အလုပ်ခေါ်စာ လက်ခံဆောင်ရွက်မှုမှ အလုပ်သမား ၃၆၄၂၂ ဦး ပြည်ပအလုပ်ရရှိထား

0
165

online စနစ်ဖြင့် အလုပ်ခေါ်စာများကို လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်အထိ စောင်ရေ ၁၁၂၆ စောင်၊ အလုပ်သမား ၃၆၄၂၂ ဦးကို ပြည်ပအလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးခဲ့ကြောင်း အလုပ်သမားဝန်ကြီး ဦးမြင့်နောင်က ပြောကြားသည်။

ဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံကိုအလုပ်သမား စေလွှတ်သည့် လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပိုမိုမြန်ဆန်စေရေးအတွက် အလုပ်ခေါ်စာများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁) ရက်မှစ၍ online မှတစ်ဆင့် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း ဆိုထားသည်။

Online စနစ် ဆောင်ရွက်ရာတွင် မူလက email တစ်ခုတည်းဖြင့် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းစဉ်ရှုပ်ထွေးမှု မရှိစေရေး email လိပ်စာများကို ထပ်မံဖွင့်လှစ်ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံသို့ စေလွှတ်နိုင်ရေး ခရီးသွားလာမှု အခက်အခဲဖြစ်နေသည့်အတွက် အေဂျင်စီများမှ မိမိအစီအစဉ်ဖြင့် အလု ပ်သမားများကို မြဝတီမြို့သို့ ပို့ဆောင်မှုများရှိနေပြီး မြဝတီမြို့သို့ ရောက်ရှိနေသည့် အလုပ်သမားများ နစ်နာမှုမရှိစေရေး ဆောင်ရွက်ခွင့်ပြုခဲ့သည်ဟုလည်း အလုပ်သမားဝန် ကြီးက ဆိုသည်။

ထိုင်းနိုင်ငံကို အလုပ်သမားစေလွှတ်သည့် မြဝတီ-မဲဆောက် လမ်းကြောင်းသည် အခက်အခဲများ ရှိသည့်အတွက် ဝန်ကြီးအနေဖြင့် အလုပ်သမားများကို ရန်ကုန်-ဒွန်မောင်း လေကြောင်းလိုင်းဖြင့် ပို့ဆောင်နိုင်ရေး ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးထံ ညှိနှိုင်းခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ သဘောတူညီ ခဲ့သည့်အတွက် အလုပ်သမားများကို လေကြောင်းမှ စေလွှတ်ခွင့်ပြု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း အလုပ်သမားဝန်ကြီး ဦးမြင့်နောင်က ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here