အိန္ဒိယက ပင်လယ်ဓါးပြ ထိန်းချုပ်ရေးအတွက် ပင်လယ်နီအနီးမှာ မကြုံစဖူး တပ်အင်အား ဖြန့်ကျက်မှု ပြုလုပ်

0
175

ယီမင်ရှိ အီရန် ကျောထောက် နောက်ခံပြု ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်မှုတွေအပေါ် အနောက်အင်အားကြီးနိုင်ငံတွေက အာရုံစိုက်လာစဉ် အိန္ဒိယကလည်း ပယ်လယ်ဓါးပြရန် ကာကွယ်ဖို့အတွက် ပင်လယ်နီ အရှေ့ပိုင်းကို စစ်သင်္ဘော တစ်ဒါဇင်ခန့် ဖြန့်ကျက်ချထားခဲ့တယ်လို့ အိန္ဒိယ အရာရှိတွေက ပြောဆိုပါတယ်။

အိန္ဒိယအနေနဲ့ အမေရိကန်ဦးဆောင်တဲ့ ပင်လယ်နီ လုံခြုံရေး ပူးပေါင်းအဖွဲ့မှာ ပါဝင်ခြင်း မရှိသလို ယင်းရေပြင်မှာလည်း စစ်သင်္ဘောစေလွှတ်ထားမှု မရှိကြောင်း သိရပါတယ်။

သို့ပေမယ့် လက်ရှိမှာ အေဒင်ပင်လယ်ကွေ့မှာ ရှေ့တန်း စစ်သင်္ဘောနှစ်စင်းနဲ့ အာရေဗျပင်လယ် အနောက်ပိုင်း၊ မြောက်ပိုင်းတွေမှာ စစ်သင်္ဘောအနည်းဆုံး ၁၀ စင်းခန့်ဟာ ကင်းထောက်လေယာဉ်တွေနဲ့အတူ တပ်ဖြန့်တည်ရှိနေတယ်လို့ အိန္ဒိယ အရာရှိတွေက ပြောဆိုခဲ့ပါတယ်။ ဒါဟာ ဒေသတွင်းမှာ အိန္ဒိယရဲ့ အကြီးဆုံး တပ်အင်အား ဖြန့်ကျက်မှုဖြစ်တယ်လို့လည်း ၎င်းတို့က ပြောဆိုပါတယ်။

ဒေသတွင်းမှာ အမေရိကန်၊ ပြင်သစ်၊ တရုတ်တို့အပါအဝင် အခြားနိုင်ငံတွေကလည်း ရေတပ်တွေ ဖြန့်ကျက်ချထားပေမယ့် အိန္ဒိယကတော့ ရေတပ်အင်အားအကြီးဆုံး ချထားတဲ့ နိုင်ငံဖြစ်တယ်လို့ အရာရှိတွေက ပြောဆိုပါတယ်။

ခြောက်နှစ်လောက် ပျောက်နေခဲ့တဲ့ ပင်လယ်ဓါးပြတွေ ပြန်ခေါင်းထောင်လာမှုအတွက် အထူးကွန်မန်ဒိုတွေ ပါဝင်တဲ့ ရေတပ်စစ်သည်တွေဟာ နှစ်လတာကာလအတွင်း သင်္ဘောတွေနဲ့ ရေယာဉ်ငယ်ပေါင်း ၂၅၀ စင်းကျော်ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ကြတယ်လို့ အိန္ဒိယ စစ်ဖက်နဲ့ ကာကွယ်ရေး အရာရှိတွေက ပြောဆိုပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့မှစကာ သင်္ဘောအပိုင်စီးမှု၊ အပိုင်စီးရန် ကြိုးပမ်းမှု၊ မသင်္ကာဖွယ် ချဉ်းကပ်လာမှုဖြစ်စဉ်ပေါင်း ၁၇ ခုထက်မနည်းကို အိန္ဒိယရေတပ်က ကြုံတွေ့ခဲ့တယ်လို့ ၎င်းတို့က ပြောဆိုခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here