တိုက်ပွဲကြောင့် ပျက်ဆီးသွားသော ကျောက်မဲ – သီပေါ အကြားရှိ ကျင်သီတံတားအနီးတွင် ယာယီတံတားငယ် ဆောက်လုပ်ပြီးစီး

0
258

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ-သီပေါအကြား တိုက်ပွဲကြောင့် ပျက်ဆီးသွားသော ကျင်သီတံတားအနီးတွင် ဒေသခံများသွားလာရေးအဆင်ပြေစေရန် ယာယီတံတားငယ်တစ်ခု ဆောက်လုပ်ခဲ့ရာ  ယနေ့ ဖေဖော်ဝါရီ(၁)ရက်တွင် စ တင်ဖြ တ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

သို့သော် အဆိုပါ တံတားငယ်မှာ ဒေသခံများ လမ်းလျှောက်ဖြတ်ကူးရန်အတွက်သာ ယာယီဆောက်လုပ်ထားခြင်းဖြစ်ပြီး ယာဉ်များဖြတ်သန်းသွားလာ၍ မရရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လူသွားလို့ရရုံ ချောင်းကူးတံတားပါခင်ဗျ။ ကားတော့သွားလို့မရဘူး။ ကျင်သီ တံတားမှာက ကျောက်မီးသွေးသယ်တဲ့ ကားတွေရှိနေတော့ သွားရတာအဆင်မပြေဘူး။ ကျင်သီတံတား အောက်ခြေနားကဘဲ တံတားထိုးထားတာပါ”ဟု ၎င်းက ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ပြီးခဲ့သော ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်၍ မြန်မာ့တပ်မတော်နှင့် ညီနောင်‌ မြောက်ပိုင်း မဟာမိတ်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသတွင်းရှိ အဓိကကျသော တံတားအချို့ ပျက်ဆီးဆုံးရှုံးမှုများ ရှိခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- Annie Kira


LEAVE A REPLY

Please enter your comment!
Please enter your name here