ကမ္ဘောဒီးယား ခမာဖိုက်တာ ပရွမ်စမ်နမ်နှင့် ပြန်လည်ထိုးသတ်မည့် ထွန်းထွန်းမင်း

0
184

မြန်မာ့လက်ဝှေ့ကျော် ထွန်းထွန်းမင်းသည် ကမ္ဘောဒီးယား ခမာဖိုက်တာ ပရွမ်စမ်နမ်နှင့် ပြန်လည်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

လာမည့် ၂၀၂၄ ခုနှစ် မတ်လအတွင်း  ကမ္ဘောဒီးယားနိုင်ငံ၌ ခွန်ခမာစည်းမျဥ်းအတိုင်း ထိုးသတ်သွားမည်ဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။

“ကျွန်တော့်ပွဲကို မျှော်လင့်နေကြတဲ့ ပရိသတ်တွေအတွက် ၂၀၂၃ Sea Game မှာတင်ခဲ့တဲ့ အကြွေးအတွက် ၂၀၂၄ ၃ လပိုင်းမှာ ပြန်လည်ဆပ်ခွင့်ရပြီ”ဟု ထွန်းထွန်းမင်းက ၎င်း၏ ဖေစ့်ဘွတ်စာမျက်နှာတွင် ရေးတင်ထားသည်။

ကမ္ဘောဒီးယား နိုင်ငံ၏ လက်ရှိချန်ပီယံ ပရွမ်စမ်နန်သည် 2023 Thai Fight ချန်ပီယံဘွဲ့ကို ဆွတ်ခူးခဲ့ပြီး ပြီးခဲ့သော ဆီးဂိမ်းက လက်ဝှေ့ကျော် ထွန်းထွန်းမင်းကို ဒိုင်အမှတ်ဖြင့်အနိုင်ယူခဲ့ကာ ရွှေတံဆိပ်ဆုရရှိခဲ့သူဖြစ်ပြီး ကစားသမားဘ၀ပွဲ ၁၆၃ ပွဲထိုးရာ ၁၅၀ ပွဲ နိုင် ၊ ၁၀ ပွဲရှုံး ၊ ၃ ပွဲသရေ မှတ် တမ်းကို ပိုင်ဆိုင်ထားသူဖြစ်ကြောင်း သိရသည်။

ပရွမ်စမ်နမ်သည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းအတွင်းကလည်း ထွန်းထွန်း၏ ပြိုင်ဘက်ဟောင်း ဒေ့ပ်နှင့်လည်း ကဗ္ဘောဒီးယားနိုင်ငံတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ပူးတွဲသရေ ရလဒ်ထွက်ပေါ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here