ဘီးလုံးတွေ ကြားမှာ စည်းချက်လိုက်ရင်း လွတ်လပ်စွာ ပျံသန်းနေကြသူများ

0
294

zaw_9829လူငယ် ဆိုတာ လွတ်လပ်တယ်။ ပေါ့ပါးတယ်။ ချုပ်နှောင်ထားတာ ကိုမကြိုက်ဘူး။ စူးစမ်းလိုမှုတွေ အပြည့်ရှိတယ်။ ဒါဟာ လူငယ်တိုင်းမှာ ရှိတဲ့ ယေဘုယျ အချက်အလက်တွေပါ။ ကဲ…ထားပါ။ အခုလက်ရှိ ရန်ကုန်မြို့ရဲ့ အနေအထားကို တစ်ချက် ကြည့်လိုက်ပါ မိတ်ဆွေ။ မြို့လယ်ကောင်ထဲက ယာဉ်ကြော ကျပ်မှုတွေ၊ ပူလောင်မှုတွေ၊ မွန်း ကျပ်မှုတွေ အသာထား လိုက်ဦး။ မရမ်းကုန်း၊ ဗဟန်း၊ သာကေတ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ အစ ရှိသဖြင့် မြို့နယ်တွေများစွာထဲ က ရပ်ကွက်တွေ ထဲကိုပဲ ရှုစားကြည့် လိုက်ကြပါ။ အထူးသဖြင့် ၁၉၉ဝ ကာလများဆီက မွေးဖွားလာတဲ့ လူငယ်၊ လူလတ်တွေဆို သိကြပါတယ်။ ကျွန်တော် တို့တွေ ငယ်ငယ်တုန်း ကလောက် ပျော်ရွှင် လွတ်လပ်စွာ ဆော့ကစားခဲ့ကြတဲ့ အရသာကို ဒီခေတ်ကလေးတွေ မခံစားရတော့ ပါဘူး။ မွန်းကျပ်မှုတွေနဲ့ ပိတ်လှောင်နေတဲ့ မြို့ပြကြီးရယ်ပါ။ ဒါ တွေကို မေ့ဖျောက်ပြီး အင်မတန်မှ ရှုပ်ထွေးပါတယ် ဆိုတဲ့ လှည်းတန်း လမ်းဆုံကို ရောက်ရှိခဲ့ပါသေးတယ်။ လှည်းတန်း စင်တာကနေ ဒီဘက် Junction Square ဘက်ကို လမ်းလျှောက်ဖြစ်တော့ AGD ဘဏ်ရှေ့ လှည်းတန်း တံတားအောက်မှာ လူငယ်တွေ စကိတ်စီးနေတာကို တွေ့လိုက်ရပါတယ်။ (လှည်းတန်းတံတား ဘေးကနေ ညနေ တိုင်း ဖြတ်သန်း သွားလာနေသူတွေ ကတော့ သူတို့ကို သတိထားမိမှာပါ) ကျွန်တော်တို့ ရောက်ရှိသွားတဲ့ အချိန်ကတော့ သောကြာနေ့ ညနေခင်း ပေါ့။ သူတို့မှာ Myanmar Skate Association ဆိုတဲ့ အဖွဲ့ ဖွဲ့ထားတယ် လို့သိခဲ့ရတယ်။ သူတို့ထဲက ဥက္ကဋ္ဌ ဆိုတဲ့ လူငယ်တစ် ယောက် ဖြစ်တဲ့ ကိုလွင်လတ် နဲ့ စကား ပြောဖြစ်တဲ့အခါ…

“စကိတ်ကတော့ ပြောရလို့ရှိရင် ကိုယ်နေဟန်ထားကို ထိန်းချုပ် ပြီးတော့ စိတ် အတည်ငြိမ်ဆုံးနဲ့ အကွက်တွေ ကို ရအောင် လုပ်ရတဲ့ ဂိမ်းဖြစ်တယ်။ လူငယ်တွေက မိုးပေါ်ပျံရတဲ့ ဖီလင်တွေကို ကြိုက်တယ်။ကျွန်တော်တို့လည်း စစီးတဲ့ အချိန်တုန်းက မိုးပေါ်ပျံရတဲ့ ဖီလင်ကို ကြိုက်ပြီးတော့ စီးလာခဲ့တာ အခုချိန်ထိပဲပေါ့။ New Challenge and New Advenger ကိုကြိုက်တဲ့ လူငယ်တွေ အကုန်လုံး ကြိုက်ကြတဲ့ ကစားနည်း တစ်မျိုးဖြစ်တယ်။ စကိတ်က Extreme Sport ထဲမှာ ပါတဲ့ အားကစားနည်း တစ်မျိုးပါပဲ” လို့ သူကဆိုပါတယ်။

ဒီလိုနဲ့ သူတို့ Myanmar Skate Association အကြောင်း စကားစပ် မိပြန်တော့ “ကျွန်တော်တို့ စီးလာတာတော့ နှစ်ပေါင်းများ စွာကြာနေပါပြီ။ တကယ်တမ်းက အဖွဲ့အစည်း အနေနဲ့ အတိအကျ မရှိ သေးဘူး။၂ဝ၁၁ ခုနှစ်မှာ သုဝဏ္ဏ ကွင်းအသိမ်းခံ လိုက်ရတယ်။ လာ မစီးနဲ့ဆိုပြီး နှင်ထုတ် ခံလိုက်ရတဲ့ အတွက် စကိတ်ကွင်း ဆုံးရှုံးမှု ဖြစ် သွားတယ်။ အဲဒီကနေ စပြီးတော့မှ လမ်းပေါ်တွေမှာ စီးတယ်။ ဒါပေမဲ့ ပလက်ဖောင်းပေါ်မှာ သွားလာတဲ့သူတွေ၊ ကားသမားတွေ ငြိုငြင် ကြတယ်။ အဲဒီလိုကနေ ကျွန်တော်တို့ကို Gangster လိုလို အထင်ခံလာ ရတယ်။ အဲဒီအတွက် ကျွန်တော်တို့ အတွက် သီးသန့် နေရာလေးရှိဖို့ လိုလာပြီ ဆိုပြီးတော့ ၂ဝ၁၃ ခုနှစ် ၅လပိုင်း ၅ရက် နေ့မှာ မြန်မာနိုင်ငံ စကိတ်စီး အားကစား ဝါသနာရှင် များအသင်း (Myanmar Skate Association) ဆိုပြီးတော့ ဖွဲ့စည်း လိုက်တယ်။ ရည်ရွယ်ချက် ကတော့ ကျွန်တော်တို့ စကိတ် ကွင်းပြန်လိုချင်တယ်။ ဒီအားကစား နည်းနဲ့ နိုင်ငံတကာ ကိုထိုးဖောက်ချင်တယ်…”


LEAVE A REPLY

Please enter your comment!
Please enter your name here