အယ်နာဆာကို (၆) ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် အင်တာမိုင်ယာမီ

0
349

လီယွန်နယ်မက်ဆီ လက်ရှိကစားနေသည့် အင်တာမိုင်ယာမီအသင်းသည် ရာသီကြို ခြေစမ်းပွဲများတွင် ရလဒ်များ ဆိုးဝါးနေပြီး အယ်နာဆာကို (၆) ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

လီယွန်နယ်မက်ဆီနှင့် ခရစ္စတီယာနိုရော်နယ်ဒိုတို့ ကစားသမားဘဝမှ အနားမယူမှီ ပြန်လည်ဆုံတွေ့စေရန် ရည်ရွယ်ပြီး ပွဲစီစဥ်သူများသည် မက်ဆီ၏ အင်တာမိုင်ယာမီအသင်းနှင့် စီရော်နယ်ဒို၏ အယ်နာဆာအသင်းတို့ကို ခြေစမ်းပွဲစီစဥ်ပေးခဲ့သည်။

သို့သော်လည်း စီရော်နယ်ဒို၏ဒဏ်ရာအခြေအနေမှာ သက်သာခြင်းမရှိသေးသည့်အတွက် အဆိုပါပွဲစဥ်ကို ဝင်ရောက်မကစားနိုင်ခဲ့ဘဲ မက်ဆီသည်လည်း ပွဲကစားချိန် (၈၃) မိနစ်ရောက်မှသာ လူစားဝင်ကစားခဲ့သည်။

အဆိုပါပွဲစဥ်တွင် အိမ်ရှင် အယ်နာဆာအသင်းသည် အင်တာမိုင်ယာမီ အသင်းကို တစ်ဖက်သတ်အသာစီး ကစားသွားပြီး ပွဲကစားချိန် (၁၂) မိနစ်တွင်ပင် (၃) ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ကာ ပွဲအပြီးတွင် (၆) ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားခဲ့သည်။

ထို့ကြောင် အယ်နာဆာအသင်းသည် (၆) ပွဲဆက်နိုင်ပွဲရရှိခဲ့သော်လည်း အင်တာမိုင်ယာမီအသင်းမှာမူ နိုင်ပွဲပျောက်ဆုံးနေသည်မှာ (၁၂) ပွဲဆက်ရှိ သွားပြီဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here