ဖေဖေါ်ဝါရီ (၃) ရက်တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို “စောင်နီလေးတစ်ထည်” ဇာတ်ကားဖြင့် သရုပ်ဆောင် စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာတို့ ရရှိနိုင်ကြောင်း ခန့်မှန်းမှုများ ရှိနေသည်။
“စောင်နီလေး တစ်ထည်” ဇာတ်ကားကို ဝါရင့် သရုပ်ဆောင်များဖြစ်သည့် ရန်အောင် ၊ ကျော်ဇော်ဟိန်း၊ နက္ခတ်၊ Lနေနော် ၊ စိုးမြ တ်သူဇာ၊ စိုးမြတ်နန္ဒာ၊ L စိုင်းဇီ၊ နေရောင်၊ သီဟနိုင်၊ သားထွေး၊ ဇီဇီ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားခြင်း ဖြစ်သည်။
အဆိုပါ ဇာတ်ကားကို ရတနာအောင် ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်ပြီး ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်) က ပုံဖော်ရိုက်ကူးထားကာ ဇာတ်လမ်း တင်သန်းဦး၊ တင်အောင်စိုး( ပန်းမြို့တော်) ၊ ဇာတ်ညွှန်း မျိုးမြင့်၊ရန်နောင် တို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဇာတ်ကားသည် မေတ္တာတရားနှင့် ဒေါသမာန်ဟုန်၊ခွင့်လွှတ်ခြင်းနှင့် အငြှိးအာဃာတ၊ အချစ် နှင့် အမုန်း၊ စစ် နှင့် ငြိမ်းချမ်းရေးစသည့် မတူညီသော ခံစားမှုများ အားလုံးတစ်နေရာထဲတွင် မြင်တွေ့ကြည့်ရှု့ခံစားနိုင်မည့် ဇာတ်ကားပင်ဖြစ်သည်။
သရုပ်ဆောင် စိုးမြတ်သူဇာ နှင့် စိုးမြတ်နန္ဒာသည် မိဘများ ၏ ခံစားချက်ကို ဝါရင့်သရုပ်ဆောင်ပီပြင်စွာ ဖေါ်ဆောင်နိုင်မှုများကြောင့် ရုပ်ရှင်ချစ်ပရိတ်သတ်များ၏ အကယ်ဒမီ ထင်ကြေးပေးထားခြင်းဖြစ်သည်။