ဆိုက်ခေါင်မြို့တွင် တိုက်ပွဲများငြိမ်သက်နေပြီး ပြန်လည်စည်ကားနေဟု ဆို

0
186

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆိုက်ခေါင်မြို့တွင် တိုက်ပွဲများငြိမ်သက်နေပြီး ယနေ့ ဖေဖော်ဝါရီ(၂)ရက်တွင် ယခင်အတိုင်း ပုံမှန်သွားလာလှုပ်ရှားနေပြီဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ နံနက်ပိုင်းမှ စတင်ကာ ဆိုက်ခေါင်မြို့တွင် ဈေးဆိုင်၊ ဖုန်းဆိုင်၊ ဟင်းသီးဟင်းရွက်ဆိုင်နှင့် သားငါးဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချလျှက်ရှိကြောင်း သိရသည်။

“တိုက်ပွဲသံ ဘာမှမကြားရတော့ဘူး။ ဒေသမှာတော့ အခု ပုံမှန်သွားလာနေပါပြီ။ သွားလာတာတွေ နည်းတော့နည်းနေသေးတာပေါ့။ နေရပ်ရှောင်တွေလည်း ပြန်လာကြတာတွေရှိပါတယ်။ တိုက်ပွဲသံမကြားရတာတော့ သုံးလေးရက်လောက်ရှိပြီ ထင်တယ်”ဟု ဒေသခံတစ်ဦးက ရှင်းပြသည်။

ထို့အပြင် ဆိုက်ခေါင်မြိုအတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများလည်း ရရှိနေပြီဖြစ်ကြောင်း ဆိုသည်။

ဇန်နဝါရီလ (၂၄)ရက်က စတင်ဖြစ်ပွားခဲ့သည့်  နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ဆီဆိုင်၊ ဆိုက်ခေါင်မြို့နှင့် အနီးပတ်ဝန်း ကျင်ရှိကျေးရွာများမှ ပြည်သူ သိန်းနှင့်ချီ၍ စစ်ရှောင်ခဲ့ကြရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here